Friday 18 August 2023

မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများ စစ်ကောင်စီ က လာမကောက်၍ ပုတ်ပွနံစော်နေ


မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများ စစ်ကောင်စီ က လာမကောက်၍ ပုတ်ပွနံစော်နေ


ရန်ကုန်၊ ဩဂုတ် ၁၈ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက် လေယာဉ်များဖြင့် ယနေ့ ဗုံးကျဲ ချ ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။


ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်အချိန်မှစတင်၍ စစ်ကောင်စီ တပ် ၏ တိုက်လေယာဉ်များက လက်ခတ်တောင်ကို ဗုံးစတင်ကျဲခြင်းဖြစ်ပြီး ၃ ကြိမ်တိုင်တိုင် လှည့်ပတ်ပျံသန်း ဗုံးကျဲသွားကြောင်း သိရှိရသည်။ 


"လုံခြုံရေးအရ ဘယ်နေရာတွေကို ကျဲတယ်ဆိုတာမျိုး ပြောလို့မရသေးပါဘူး။ လေယာဉ်နဲ့ ဗုံးကျဲတာတော့မှန်ပါတယ်" ဟု စစ်သတင်းရင်းမြစ်က ဆိုသည်။ 


စစ်ရေးဗျူဟာအရအရေးပါလှသည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ၊ ယင်းနောက် စစ်ကောင်စီက လက်ခတ် တောင်ကုန်း ပြန်လည် ရရှိရေး အပြင်းအထန်ထိုးစစ်ဆင်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။ 


လက်ခတ်တောင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


လက်ခတ်တောင် တိုက်ပွဲတွင် သေဆုံးသွားကြသော စစ်သားအလောင်းများကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိသဖြင့် အလောင်းများ ပြန့်ကျဲ၍ ပုတ်ပွ နံစော်နေကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...