Friday 25 August 2023

ရှားတောမြို့နယ်တွင် ရိက္ခာပို့လာသည့် ခမရ ၅၁၉ ပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သားအများအပြား သေ ဆုံး ပြီး လက်နက် ၂၀ ကျော်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ



 Breaking News- ရှားတောမြို့နယ်တွင် ရိက္ခာပို့လာသည့် ခမရ ၅၁၉ ပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သားအများအပြား သေ ဆုံး ပြီး လက်နက် ၂၀ ကျော်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ်လ ၂၅ 


ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ၂၈၈၈ နှင့် မေယုတောင်ကြား တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၁၉ ရိက္ခာပို့ပူးပေါင်း စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက် ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ကြီး၊ လက် နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ KA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ရှားတောမြို့နယ်၊ ၂၈၈၈ တပ်နှင့် ၃၂၂၂ တောင်ကုန်းတို့ရှိ အကြမ်း ဖက်စစ်တပ်စခန်းများကို ရိက္ခာပို့ရန် ရှမ်းပြည်နယ် ဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၁၉ စစ်ကြောင်းကို KA ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးပြီး လက်နက်ကြီးလက်နက် ၂၀ ကျော် အပြင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။


“အရင်တုန်းက ယာယီရိက္ခာစုပုံတဲ့ ဂိုဒေါင်တစ်ခုရှိတယ်လေ၊၂၈၈၈ နဲ့ ၃၂၂၂ ကို ရိက္ခာပို့မရအောင် ဖြတ် တိုက်ထားတာ၊ အဲဒီတုန်းကလည်း ရိက္ခာတွေ၊ လက်နက်တွေ ရတယ်၊ ၄ ယောက်လား ၅ ယောက်လား မသိ ဘူး ကျတယ်၊ အခုတမြန်နေ့က ထပ်ဖြစ်တာက အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကိုပဲ၊ ရှမ်းပြည် ဘက်နေ ထောက်ပို့ဖို့အတွက် ထွက်လာတဲ့ စစ်ကြောင်းကို ဖြတ်တိုက် တာ၊ လက်နက်က ၂၀ ကျော် လောက်ရ တယ်၊ အတိုတွေလည်းပါတယ်၊ အားလုံးက ၂၀ ကျော်ပဲ၊ ဘယ်နှစ်ယောက်သေလဲဆိုတာတော့ မသိဘူး” ဟု ကရင်နီ KA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။


သိမ်းဆည်းရရှိသော လက်နက်များတွင် လက်နက်ငယ် ၁၄ လက်၊ ငါးကြင်းမြီး စက်လက် တစ်လက်၊ စိန် ပြောင်းလက်နက်ကြီး ၄ လက်အပါအဝင် ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှု များပြားသဖြင့် ညနေ ၃ နာရီနှင့် ၄ နာရီကြားတွင် အကြမ်းဖက်စ စ်တပ်မှ လေကြောင်းမှတဆင့် တိုက်ခိုက်ပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း ကရင်နီ KA တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။


“၅၁၉ နဲ့ဖြစ်တာ၊ ရှမ်းပြည်နယ်က တပ်ပဲ၊ ၅၁၉ တို့ ၃၃၄ တို့ အဲဒီအဖွဲ့တွေ၊ သူတို့က ဌာနချုပ် ဉာဏ်မူ ရှေ့က တပ်စခန်းကို ရိက္ခာပို့နေတာ၊ သူ့တို့ နှစ်စကတည်းကပဲ၊ အခုထိရိက္ခာက မရောက်နိုင်တော့ ယာ ယီ စုပုံစခန်းဆို ပြီးထားထားတာရှိတယ်၊ အဲဒီ စစ်ကြောင်းကို ဖြတ်တိုက်တာ၊ အခုကတော့ ဘယ်နှစ် ယောက်သေလဲ မသိဘူး၊ အထိနာတော့ လေယာဉ် နဲ့လာပစ်တယ် လေ၊ ၂၃ ရက်နေ့ညနေက၊ ဖြစ်တာ ကတော့ မွန်းလွဲပိုင်းပါပဲ လေယာဉ်နဲ့ လာပစ်တာက ၃ နာရီ ၄ နာရီလောက်မှာလာပစ်တာ၊ ကျနော်တို့ရဲ ဘော် တွေက ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ သူတို့လာမှာပဲ ဆိုတာ သိတော့ ကြားကနေဖြတ်တိုက်တာ၊ BP 9 နဲ့ မက်လွန်ရိုးကြား မယ်ဟောင်ဆောင် အနောက်ဘက်တည့်တည့်မှာပဲ” ဟု ကရင်နီKA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...