Wednesday 30 August 2023

မူဆယ်နှင့် ကွတ်ခိုင်တွင် ဖြစ်ပွားနေ‌သော တိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ


 မူဆယ်နှင့် ကွတ်ခိုင်တွင် ဖြစ်ပွားနေ‌သော တိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ 


RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။


ရှမ်းပြည်နယ်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိအခိုက် အကျအဆုံးများပြီး တိုက်လေယာဥ်နှင့် လက်နက်ကြီး အလုံး (၆၀) ကျော် ပစ်ကူပေးခဲ့ရကြောင်း သိရသည်။


တအာင်းတပ်မတော်ရှိရာ လွယ်တယ်မိန်းတောင်သို့ စစ်ကောင်စီတပ် တပ်မ (၉၉)လက်အောက်ခံ ခမရ - ၄၂၀၊ ၄၁၇ နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်လာသည့်အတွက် နံနက် ၉ နာရီတွင် နားထန်အနီးတွင်တစ်ကြိမ်၊ ညနေ (၅း၄၅)အချိန်တွင် စယ်လန်းကျေးရွာအနီးတွင်တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ကွတ်ခိုင်မြို့နယ် TNLA ရှိရာ လွယ်နောတောင်သို့ စစ်ကောင်စီတပ်လက်အောက် ခံ စကခ - ၁၇၊ ခမရ - ၅၇၇၊ ရမခ/ခရလ - ၄၅ တို့ထိုးစစ်ဆင်လာသဖြင့် နံနက် ၁၁ နာရီခန့်က ခိုမုန်းကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။


"စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်မှ နံနက်(၉း၀၀)အချိန်တွင် မူဆယ်မြို့တွင်းသို့လည်းကောင်း၊ ညနေ (၇း၅၀)အချိန်တွင် စယ်လန့်ရှိ စကစတပ်စခန်းအားလည်းကောင်း၊ ညနေ(၆း၀၀)အချိန်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာသို့လည်းကောင်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့ပြီး အသေးစိတ်မသိရှိရသေးပေ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ စစ်ကောင်စီမှ နမ့်ဖက်ကာတပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး အကြိမ်(၂၀)၊ ၁၀၅ မိုင်တပ်စခန်းမှ (၁၅)ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း၊ ညနေ ၅ နာရီ၄၀ တွင် တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး ၈ လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။


#RedNewsAgency 

https://rednewsagency.com/ 

https://t.me/rednewsagency/3997 

https://www.youtube.com/@rednewsmm/?sub_confirmation=1

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...