Wednesday 30 August 2023

ယင်းမာပင်မှာ သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၇) ဦးသေဆုံး


 ယင်းမာပင်မှာ သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၇) ဦးသေဆုံး


ယင်းမာပင် - ဩဂုတ်(၃၀) 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံးခဲ့တယ်လို့ KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ဩဂုတ်လ(၂၉) ရက်နေ့ကမနက်ပိုင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား (၃၅) ဦးပါ ရှေ့ပြေးစစ်ကြောင်းဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲမှာ (၁၅) မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ MA 11 တလက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ကာ ၂ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ပိုက်ဆံလက်ကိုင်အိတ် ၁ လုံး၊ မြန်မာကျပ်ငွေအချို့ ၊ထိုင်းဘတ် 50 နဲ့ရွှေထည်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုထားပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။


သစ်ထုတ်နေတဲ့ စစ်ကောင်စီတပ်ကို ULF(တပ်ပေါင်းစု) စစ်ကြောင်းမှူး ဗိုလ်နိုင်မင်းဦးဆောင်ပြီး Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း ၊Alpha စစ်ကြောင်းနဲ့ ဒေသမဟာမိတ်တွေဖြစ်တဲ့ B-21 PDF(တပ်ရင်း ၁၇)၊ PDA (တပ်ရင်း ၃၅)၊ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ၊ သေမင်းတမန် LPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။


သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - KLG

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...