Friday 4 August 2023

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းဂိတ်နှင့် ဗောဓိကမ်းဂိတ်စခန်းကို မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁ မှ ဝင်ရောက်တိုက်


 တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းဂိတ်နှင့် ဗောဓိကမ်းဂိတ်စခန်းကို မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁ မှ ဝင်ရောက်တိုက်ခိုက်


3 Aug 2023 By MPA CJ 015


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းဂိတ်နှင့် ဗောဓိကမ်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က MPA သို့ ပြောသည်။


ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် ညောင်ပင်ကွင်းဂိတ်သို့လည်းကောင်း၊ ည ၇ နာရီခွဲခန့်တွင် ဗောဓိကမ်းဂိတ်စခန်းသို့လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁ မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


"ညောင်ပင်ကွင်းဂိတ်က ခလရ ၅၆၁ နဲ့ နီးတယ်။ စကစ အင်အား ၂၀ ကျော်ရှိတယ်။ ဗောဓိကမ်းဂိတ်က အင်အားပုံသေမရှိဘူးဗျ ။ ပျူတွေပေါပါတယ်ဗျ"ဟု မြိတ်ခရိုင်တပ်ရင်း ၂ ၏ သတင်းပြန်ကြားတာဝန်ရှိသူက ပြောသည်။


တစ်နေ့တည်းတွင် နေရာနှစ်ခုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားများ၏ ထိခိုက်မှုများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။


"အဲ့ဒီဂိတ်တွေကို သွားရောက်တိုက်ခိုက်တာကတော့ ပြောက်ကျားနည်းနဲ့ပါပဲ ခင်ဗျ။ အခုရက်ပိုင်း မိုးကလည်း အရမ်းရွာနေတော့ အခက်အခဲတွေတော့ ရှိပါတယ် ခင်ဗျာ" ဟု ၎င်းက ဆက်ပြောသည်။


အဆိုပါ တိုက်ခိုက်မှုအတွင်း မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁ မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ သိန္ဓောရွာ ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ လငုရွာအနီးတွင် မြိတ်ခရိုင်၊ တပ်ရင်း (၂) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရှိရသည်။


တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် တနင်္သာရီမြို့၊ ဗောဓိကမ်းနှင့် ညောင်ပင်ကွင်းကျေးရွာလမ်းများပေါ်တွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သဖြင့် လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ထားပြီး ခရီးသွားပြည်သူများ အထူးသထိထား သွားလာကြရန်လည်း မြိတ်ခရိုင်၊ တပ်ရင်း(၂) က မေတ္တာ ရပ်ခံထားသည်။


No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...