Friday 4 August 2023

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် လက်ခတ်တောင် စခန်းကုန်းကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ်ကြိုးစားနေ



 တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် လက်ခတ်တောင် စခန်းကုန်းကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ်ကြိုးစားနေ


နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၄ရက်


ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီ၏ အဓိကခံတပ်တစ်ခုဖြစ်သည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNU/KNLA ၊ PDF တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်မှ ပြန်လည်ရယူ နိုင်ရန်အတွက် အကြိမ်ကြိမ် ကြိုးစားနေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။


စစ်ကောင်စီ၏ လက်ခတ်တောင် စခန်းကုန်းကို KNU/KNLA ၊ PDF တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် သိမ်းပိုက်ခံရပြီးနောက်ရက်မှ စတင်၍ လက်နက်ကြီးပစ်ကူယူကာ ထိုးစစ်ဆင်၍ စခန်းကုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ 


“သူတို့(စစ်ကောင်စီတပ်)ဘက်က ထိခိုက် သေဆုံးမှုများပြီး ပြန်ပြန်ဆုတ်ပြီး ထွက်ပြေး သွားကြတာ။ အခု ဒီရက်ထဲမှာ အင်အားတွေ ထပ်ထပ်ဖြည်းပြီး သူတို့စခန်းကုန်းကို ပြန်ယူဖို့ ကြိုးစားနေတာ။ အဝေးကနေ ၁၂၀-မမတွေနဲ့ ရမ်းသန်းပြီး ပစ်ခတ်နေတာ မိုးတွေတအား ရွာနေတာတောင်မနားဘူး။ လက်နက်ကြီးသံ မကြားရရင် မနေတတ်သလိုတောင် ဖြစ်နေပြီ” ဟု မြေပြင်တော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် လက်ခတ်တောင်စခန်းကုန်းတဝိုက်သို့ လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေပြီး ယမန်နေ့ ဩဂုတ် ၃ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ် ကားအစီးရေများစွာဖြင့် အင်အားအများအပြားသုံး ချဉ်းကပ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူ၍ ၄၀-မမ များဖြင့် ပြန်လည်ပစ်ခတ်စဉ် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။ 


ပုံစာ- တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်စခန်း


#လက်ခတ်တောင်စခန်းကုန်း #တော်လှန်ရေးတပ်ဖွဲ့ဝင်များသိမ်းပိုက် #စစ်ကောင်စီတပ် #ပြန်လည်ရယူရန်ကြိုးစား #Ayeyarwaddy_Times

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...