Friday 4 August 2023

မြစ်ကြီးနားတွင် နမ္မတီး မြို့စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ပစ်ခတ်ခံရပြီး သေဆုံး


 မြစ်ကြီးနားတွင် နမ္မတီး မြို့စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဩဂုတ် ၄ 


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ခေတ္တလာရောက်သည့် နမ္မတီး မြို့စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ယမန်နေ့ညပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


ဩဂုတ်လ ၃ ရက်နေ့၊ ည ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနားမြို့နယ်၊ ဂျာမိုင်ကောင်းရပ်ကွက်၊ လမ်းဆုံ သံလမ်းအကူးကို ကားဖြင့် ဖြတ်သန်းနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် နမ္မတီးမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 

  

"သေနတ်သံပဲ ကြားလိုက်ရတာ။ ခဏနေတော့ အာရာဖတ်ကားထဲမှာ သေနေပြီ။ ပွဲချင်းပြီးပဲ။ နမ္မတီးမြို့ စည်ပင်သာ ယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူးလို့ ပြောတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


မြစ်ကြီးနားမြို့နယ်ရဲသတင်းရင်းမြစ်ကလည်း နမ္မတီးမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ပစ်ခတ်ခံရပြီး သေဆုံးမှုကို အတည်ပြုပြီး မြစ်ကြီးနားသို့ ၎င်း လာရောက်သည်ကို သိရှိသည့် အတွင်းသိ၊ ဓာတ်သိ က သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း၊ ယင်းနေရာနှင့် မလှမ်းမကမ်းတွင် စစ်တပ်ကင်းပုန်းတချို့လည်းရှိနေကြောင်း သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...