Tuesday 22 August 2023

ကပစ ၂၃ စခန်းကုန်းတိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ရ


 ကပစ ၂၃ စခန်းကုန်းတိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ရ


ဂန့်ဂေါ၊ ဩဂုတ် ၂၂၊ ၂၀၂၃။


မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့အခြေစိုက် ကပစ ၂၃ ရဲ့ အရေးပါတဲ့ ဗျူဟာစခန်းကုန်းတခု ဝင်ရောက်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေကာ ခဲယမ်းတွေလည်း သိမ်းမိခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။


ဩဂုတ် ၂၁ ရက် မနက် ၉ နာရီခွဲဝန်းကျင်က ကပစ၂၃ နဲ့ ၂ မိုင်ခန့်အကွာက စစ်ကောင်စီစခန်းကုန်းတခုကို ယောကာကွယ်ရေးတပ် YDFရဲ့ ယောနကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်နေချိန်အတွင်း ကပစထဲကနေလည်း လက်နက်ကြီး ပစ်ကူပေးတယ်လို့ ဆိုပါတယ်။


“လုံခြုံရေးမိုင်းတွေလည်း အထပ်ထပ်ကာထားတယ်။ အဲ့ဒါကို ကျနော်တို့က တက်ပြီးမှ သိမ်းတာပါဗျ။ သူတို့ဘက်က သေတဲ့သူတွေက ဒီတိုင်းပဲ အလောင်းတွေရတယ်။ မသေတဲ့ တချို့တပ်သားတွေကတော့ လက်နက်တွေ ယူပြီးမှ ထွက်ပြေးသွားတယ်။ ကျတော်တို့က ပြင်းပြင်းထန်ထန် ကျားထိုးပြီးမှ ပစ်အားကောင်းကောင်းနဲ့ ဝင်လိုက်တာဆိုတော့ ထွက်ပြေးသွားတဲ့အခြေအနေမျိုးပါ။”လို့ ယောကာကွယ်ရေးတပ် YDFရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီး သီဟအောင် အပါအဝင် ၃ ဦးသေဆုံးပြီး MA 3 ၂ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၄ လုံး၊ power bank ၂ လုံး သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


သိမ်းဆည်းနိုင်ခဲ့တဲ့ စခန်းကုန်းဟာ ဗိုလ်ကြီး ၂ ဦး၊ ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦး နေထိုင်ပြီး အဆိုပါ စခန်းကုန်းဟာ ကပစ၂၃ တခုလုံးရဲ့ လုံခြုံရေးယူပေးတဲ့ စိုးမိုးကုန်းဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန် ၃ရက်ကလည်း ကျောက်ထုမြို့နယ်၊ စံတောင်အနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေကာ ၄ဦး ဒဏ်ရာရခဲ့ပြီး ကျည်ဆန်တချို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။


သတင်း - ချယ်ရီ၊ စာတည်း - လင်းဇေ


#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ကျောမြို့ #ကပစ၂၃ #ယောနကစစ်ကြောင်း #သတင်း 

*****************************************


No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...