Wednesday 9 August 2023

ဖားကန့်မြို၊ စစ်တပ်၏ ကသိုဏ်းတောင် စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် အရာရှိတစ်ဦး၏ မိသားစု အပါအဝင် စစ်သုံ့ပန်းများ ဖမ်းမိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်များ ရရှိသော်လည်း KIA က တရားဝင် ထုတ်မပြော


 ဖားကန့်မြို၊ စစ်တပ်၏ ကသိုဏ်းတောင် စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် အရာရှိတစ်ဦး၏ မိသားစု အပါအဝင် စစ်သုံ့ပန်းများ ဖမ်းမိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်များ ရရှိသော်လည်း KIA က တရားဝင် ထုတ်မပြော


ရန်ကုန်၊ ဩဂုတ် ၈ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်မှော် နှင့်တာမခံ ကြားရှိ ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းကို KIA တပ်ဖွဲ့ ယမန်နေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်း ပိုက် ခဲ့ရာတွင် စစ်တပ်အရာရှိတစ်ဦး၏ မိသားစု အပါအဝင် စစ်သုံ့ပန်းများ ဖမ်းမိ ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်များ ရရှိသော် လည်း KIA က ထုတ်မပြောကြောင်း သိရှိရသည်။ 


 ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခွဲမှ စတင်ပြီး ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရွာအထွက် ဖားကန့်နှင့်တာမခန်အကြားရှိ ကသိုဏ်းတောင် စစ်တပ်စခန်းကို KIA နှင့်PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ နံနက် ၈ နာရီတွင် အပြီးသတ် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းတွင် စစ်တပ်က အင်အားအပြည့်ရှိခဲ့ပြီး ကသိုဏ်းတောင်စခန်းကို သိမ်း ပိုက်ရရှိမှုတွင် အရှင်ဖမ်း ဆီးရရှိသူများ၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိကြောင်း သိရှိရသည်။


"စစ်သုံ့ပန်းတွေ မိတယ်။ ဒဏ်ရာရရှိသူတွေကို KIA က ဆေးကုပေးတယ်။ အရာရှိတစ်ဦးရဲ့ မိသားစုမိတယ်။ သေတာတွေလည်း ရှိတယ်။ လက်နက် ခဲယမ်းတွေလည်းရတယ်" ဟု ကချင်တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ 


KIA ဘက်က ကသိုဏ်းတောင် စစ်တပ်စခန်း သိမ်းပိုက်ရရှီမှု သတင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိဘဲ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူဆီဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရရှိပေ။  


ထို့ပြင် နမ့်မှောင် စခန်း နှင့် ဆယ်ဇင်းကျေးရွာရှိ တံတားထိပ်စခန်းတို့ကိုလည်း ယမန်နေ့ နံနက်ပိုင်းတွင် KIA နှင့် PDF တပ်များက တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...