Saturday 26 August 2023

မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများရဟုဆို


 မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများရဟုဆို 


ဆန်အောင်/People’s Spring


ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဩဂုတ် ၂၅ရက် ညနေပိုင်းက မိုးမိတ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၂၇၆) တပ်စွဲထားသည့်စခန်းနေရာကို KIA တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၂) ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


"စီဘိန်း(စီပိန်း)ရွာမှာ လာထိုင်ထားတဲ့ မိုးမိတ်တပ် ခမရ -၂၇၆ စခန်းဖြစ်တယ်။မနေ့ညနေ ၅နာရီ မှာ KIA ရင်း (၁၂)နဲ့ PDFတွေ သွားတိုက်တာ။ ဒီမနက်မှာ စခန်းကိုအပြီးအစီးသိမ်းပိုက်နိုင်ခဲ့တယ်။လက်နက်တွေရတယ်။ ထိခိုက်မှုက ငါတို့ဘက်မရှိပါ”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


KIA စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News၏ ဖော်ပြချက်တွင် စီဘိန်းရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။ယခု စခန်းသိမ်းတိုက်ခိုက်မှုသည် KIA တပ်ရင်း (၁၂)နယ်မြေအတွင်း၌ ပထမဆုံး စခန်းသိမ်းတိုက်ခိုက်မှု ဖြစ်သည်ဟု ဆိုသည်။


(KIA/PDF ပူးပေါင်းတပ်မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - 7Stars News)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...