Sunday 27 August 2023

မူဆယ်တွင် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ


 မူဆယ်တွင် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ သြဂုတ် ၂၇


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် TNLA ပြုပြင်ခဲ့သည့်လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ထပ်မံဖျက်ဆီးရန် ၁၀၅ မိုင်မှ ဘူဒိုဇာ ၁ စီးဖြင့် ထိုးစစ်ဆင်လာစဥ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိတွေ့ တိုက်ပွဲသည် နမ့်တောင်းရွာနှင့် ဖာဖိန့်ရွာ အကြားတွင် ဖြစ်ပွားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ ၊ ခမရ ၄၂၀ တပ်ရင်းနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ကို တအာင်းတပ်မတော် TNLA တပ်မဟာ ၁ တပ်ရင်း ၅၇၁ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသည်။


နမ့်တောင်းနှင့် ပန်ကြုံအကြားရှိ လမ်းပိုင်းကို သြဂုတ်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် မြို့မပြည်သူ့စစ်တပ်တို့က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့တွင် တအာင်းတပ်မတော်မှ ပြန်လည်မြေဖို့ပြုပြင်ပေးခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ထပ်မံလာရောက် ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ကွတ်ခိုင်မြို့မှ သိန္နီသို့ စစ်ကား ၂၄ စီးဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် တပ်မဟာ ၅ တပ်ရင်း ၃၃၅ တို့ မန့်ပိန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် စစ်ကောင်စီတပ်အကြား ယခုသြဂုတ်လအတွင်း စုစုပေါင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...