Friday 15 September 2023

ဖရူဆိုမြို့နယ်၊ မာခရော်ရှေးရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် အများ အပြား သေဆုံးပြီး လက်နက် ၂၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


 ဖရူဆိုမြို့နယ်၊ မာခရော်ရှေးရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် အများ အပြား သေဆုံးပြီး လက်နက် ၂၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၅ 


ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေးကျေးရွာ တိုက်ပွဲတွင် စစ်တပ် ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


စက်တင်ဘာလ ၁၁ ရက်နေ့ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်မှ တဆင့် ဖရူဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း ကို ဖရူဆိုမြို့နယ်တောင် ဘက် မာခရော်ရှေးကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါ အဝင် အများအပြားသေဆုံးပြီး လက်နက် ၂၀ နီးပါးနှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“လွိုင်ကော်၊ ငွေတောင်၊ ဒီမော့ဆိုးကနေမှ ဖရူဆိုကို သွားမယ်၊ ဖရူဆိုကို သွားပြီးတော့မှ နမ်းဖဲ၊ နမ့်ဖဲ ကနေ ဘော်လခဲ ဖားဆောင်းဘက်ကို ပေါ့နော်၊ အခုဖြစ်တဲ့နေရာက ဖရူဆိုရဲ့တောင်ဘက်၊ မာခရော်ရှေး အောက်နားမှာဖြစ်တာ၊ လက်နက်က အလက် ၁၀ ကျော် ၂၀ နီးပါးလောက်ရပါတယ်၊ ကျဆုံးမှုကတော့ တော်တော်များမယ်၊ ဘက်တံဆိပ်ရထားတယ်၊ တပ်ရင်းမှူးလည်း ပါတယ်၊ ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန် ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။


ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး ထိခိုက် သေဆုံးမှုများပြားနေသဖြင့် ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းမှ အကြိမ် ၄၀၀ ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည့်အပြင် ၁၂၀ မမ လက်နက် ကြီးများဖြင့်လည်း နေစဉ့်နှင့်အမျှ ပစ်ခတ်တိုက်ခိုက် နေကြောင်း သိရသည်။


 “လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတာပဲ၊ အမြောက်တပ်တွေ ၁၂၀ မမကတော့ အမြဲတမ်း ပဲ သုံးနေတယ်၊ ဟိုး ၂၀၂၂ ကတည်းကပေါ့၊ အခု ၂၀၂၃ ခုနှစ် စကတည်းက ဒီလအထိ ကျနော်တို့ ကရင်နီ ပြည်နယ်ထဲကို လေယာဉ်နဲ့ ကျဲချတာက အကြိမ်ပေါင်း ၄၀၀ ရှိပြီ”ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ဓာတ်ပုံ- ဖရူဆို တိုက်ပွဲတွင် သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ နှင့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၏ ဘက်တံဆိပ်။

#crd

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...