Friday, 15 September 2023
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ရေတလျောက်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သား ၉ ဦးသေဆုံး၊ သေနတ် ၁၂ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ရေတလျောက်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သား ၉ ဦးသေဆုံး၊ သေနတ် ၁၂ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ပိုင်ကလန်ကျေးရွာအနီးရှိ ရေတလျောက် အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး အခြား စစ် သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် သေနတ် ၁၂ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ ကြောင်း KNU ဗဟိုမှ ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၅၅ မိနစ်မှ စတင်ပြီး ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် ပိုင်ကလန်ကျေးရွာ အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရေတလျောက်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ တွင် စခန်းသိမ်းပိုက်ရရှိပြီး အကြမ်းဖက်စစ်သား ၉ ဦးသေဆုံး ကာ အခြားစစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲမှ MA-1 သေနတ် ၁ လက်၊ MA-2 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 ပူးတွဲ သေနတ် ၂ လက်၊ RPG-7 သေနတ် ၁ လက်၊ 60 mm ပြောင်းတို သေနတ် ၂ လက်၊ ပစ္စတို သေနတ် ၂ လက်နှင့် ငါးကြင်းမြီး စက်လက် သေနတ် ၁ လက်တို့ အပြင် RPG-7 ကျည် အလုံဂ ၇၀ ၊ 81mm ကျည် အလုံး ၄၀ ၊ 60mm ကျည် အလုံး ၁၁၀ ၊ M-79 ကျည် အလုံး ၄၀ ၊ 5.56 ကျည် အတောင့် ၂၈၀၀ ၊ 7.62 ကျည် အတောင့် ၈၀၀ ၊ တိုက်မိုင်း အလုံး ၂၀ ၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ဆက် သွယ်ရေးစက်ကြီး ၁ လုံး၊ မြေပုံ စာရွက် ၁ ရွက်၊ လက်ပစ်ဗုံး အလုံး ၂၀ နှင့် Compass ၂ လုံးတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၈ နှင့် တော် လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် တစ်ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
KNU - အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ အတွင်း၌ တည်ရှိသော အာဏာသိမ်း စစ် ကောင်စီတပ်စခန်းများနှင့် နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကြောင်းတို့ကို KNLA - တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်နှင့် အမျှ စီးနင်းတိုက်ခိုက်မှု၊ ပြောက်ကျား ပစ်ခတ်မှု၊ ကြားဖြတ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များမှာလည်း စိတ်ဓာတ် ပိုင်းဆိုင်ရာများ ကျဆင်းလျက်ရှိကြောင်း၊ အာဏာဖြင့် အကြမ်းဖက်အုပ်ချုပ်နေသော စစ်တပ်ကို စွန့်ခွာ ပြီး KNU ထံ လာရောက်ပူးပေါင်းသူ အများအပြားရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment