Saturday 16 September 2023

ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ကင်းပုန်းနေရာများကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ


 ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ကင်းပုန်းနေရာများကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၆ 


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ကင်းပုန်းနေရာများကို ယနေ့ နံနက် ပိုင်း ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်း ရရှိကြောင်း ဘုတလင်ဒေသကာကွယ်ရေးတပ်ခေါင်းဆောင်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။ 


စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ပေါ် မိုးကျူရှင်အနီး ညပိုင်းကင်းပုန်းဝပ်လေ့ရှိသည့် စစ်တပ်ကို ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၇ ဦးသေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


"သူတို့ကင်းပုန်းဝတ်လေ့ ရှိတဲ့နေရာကို အရင်ကြိုစောင့်ပြီး အပိုင် ပစ်ခတ် နိုင်ခဲ့တာပါ။ ကျနော်တို့ ဖရဲသီးဆီကပြန်စုံစမ်းရမိထားတာက ရဲ ၂ ကောင်၊‌ စစ်ခွေး ၄ ကောင်၊ပျူစောထီး ၁ကောင် ကတော့ နေရာတင်သေတယ်။ ကျန်ခွေး ၃ ကောင် ကတော့ ဘုတလင်ဆေးရုံမှာပြင်းထန်ဒဏ်ရာနဲ့ဆေးကုနေတယ်။ သေဖို့ များမယ်။ ကျနော်တို့ဘက်ကတော့ ပစ်ပြီး ဆုတ်ခွာခဲ့တာဆိုတော့ တစ် ဦး တစ်ယောက်မှ အထိခိုက်မရှိခဲ့ဘူး။ ခွေးတွေဆီက G3 တစ်လက်ရယ်၊ 74 တစ်လက်ရယ်၊ ကျည်ဘောက်တွေရယ် ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိတယ်"ဟု ဘုတလင်ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောဆိုသည် 


ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်များကို မြေပြင်တိုက်ခိုက်မှုများအပြင် ဝေဟင်မှ လည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယခုစစ်ဆင်ရေးကို ဘုတလင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်အင်အားစု နှင့် FRFအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ဘုတလင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...