Tuesday, 19 September 2023
ရေးမြို့လယ်ခေါင်တွင် သတင်းတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင်ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး၊ ပြည်သူများထံမှ ငွေညှစ်ပြီး မကြာခဏ လာယူလေ့ရှိစဉ် ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့
ရေးမြို့လယ်ခေါင်တွင် သတင်းတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင်ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး၊ ပြည်သူများထံမှ ငွေညှစ်ပြီး မကြာခဏ လာယူလေ့ရှိစဉ် ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့
ရန်ကုန်၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့လယ်ခေါင်တွင် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင် ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်နှင့် ရဲသတင်းရင်းမြစ်၏ ပြောဆို ချက်အရ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန် မွန်ပြည် နယ်၊ ရေးမြို့လယ်ခေါင်၊ အောင်သုခရပ်ကွက်တွင် ဟွန်ဒါဖစ် ကားဖြင့် သွားလာ နေသော ရေးမြိုနယ် သတင်းရဲတပ်ဖွဲ၊ တပ်ဖွဲစု ၁၁ မှ တာဝန်ခံရဲအုပ် မြင့်လွင်ကို ရေးဘီလူးတပ်ဖွဲ့က အနီးကပ် ပစ်ခတ်ခဲ့ရာမှ ကားအတွင်း သေဆုံးသွားကြောင်း သိရှိရသည်။
"မွန်ပြည်နယ် SB ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၃ ပွင့်ရာထူးရှိတဲ့ ရဲကို အိမ်စီး ကားနဲ့အလာ ရေးဘီလူးအဖွဲ့သားများက စောင့်ပစ်နိုင်ခဲ့တယ်။ M4 2 အရှည် ၂ လက်နဲ့ပစ်ခတ်ခဲ့တာပါ။ အဲဒီရဲကတော့ ကားထဲမှာပဲ ကျသွားတယ်။ အချိန်ကတော့ ၁၀ နာရီ ၄၇ လောက်ရှိမယ်။ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ အရေးယူတာဖြစ်ပါတယ်။ မြို့ထဲမှာ ပိုက်ဆံလာလာယူတယ်။ စစ်ကောင်စီ ရဲ့ဘက်တော်သားဖြစ်တယ်။ SB သုံးပွင့်လို့ သိရတယ်" ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မွန်ပြည်နယ်ရဲသတင်းရင်းမြစ်ကမူ ပစ်ခတ်ခံရသူသည် ရေးမြို့နယ် သတင်း တပ် ဖွဲ့မှ ရဲအုပ် မြင့်လွင်ဖြစ်ကြောင်း အတည်ပြုပြောဆိုပြီး အခင်းဖြစ်သည့် နေရာတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆို သည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment