Friday, 22 September 2023

ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄)တပ်ခွဲမှူးသေဆုံး


 ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄)တပ်ခွဲမှူးသေဆုံး


သွင်ထူးဈာန်


ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။


 ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။


 "စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။ 


ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။ 


အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။


စာတည်း - သန့်ဇော်(သန်လျင်)


photo- ပုံအဟောင်း


#mizzima

#KNLA

#KNDO

#KNU

#ထီးကပလယ်ဗျူဟာစခန်း


------------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...