Tuesday 26 September 2023

မိုးကုတ်မြို့၊ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ


 မိုးကုတ်မြို့၊ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၂၆ 


မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၂ လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကုတ် အခြေပြုတပ်ရင်းထံမှ သိရသည်။


ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်အချိန် မိုးကုတ် မြို့ အနောက်ပိုင်း၊ ရေထွက်ကြီး ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းများ ဖြစ်သော ၁၂၂၁ ၊ ၁၂၂၃ နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီခွဲခန့်အထိ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး လက်နက်ငယ်တစ်လက်၊ ပစ္စတို တစ်လက်နှင့် ၅ ဒသမ ၅၆ ကျည်ဆန်များ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုနှင့် ပတ်သက် ၍ သိရှိနိုင်ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရှိရသည်။


ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ်၊ ကျပ်ပြင်တွင်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသပြည်သူ များက ပြောဆိုကြသည်။


စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် အပြန်အလှန် ပစ်ခတ် မှုများဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း၊ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုများ ပြန်လည် ငြိမ်သက်သွားကြောင်း သိရှိရသည်။ 


"မနက်ပိုင်း ကျပ်ပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပြီး‌တော့ အခု ဝိုင်ဖိုင်လိုင်းတွေ ပိတ်ထား တယ်။ မိုးဘိုင်းဒေတာတော့မပိတ်သေးဘူး" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...