Thursday 28 September 2023

မုံရွာရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်


 မုံရွာရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်


ရန်ကုန်၊ စက်တင်ဘာ ၂၈


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Peace Takers Task Force - PTTF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မုံရွာမြို့နယ် မင်းဒေါင့် ဆိပ်ကမ်းမှ အောက်ဘက်ကို ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ် သင်္ဘော ၁ စီးကို ချင်းတွင်းမြစ်ကမ်း အရှေ့ဘက် တစ်နေရာတွင် ရှေ့ထွက် ပြောင်းမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေး ကြောင်း၊ စစ်တပ်ဘက်မှလည်း လက်နက်ငယ်များ ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။


" ရေကြောင်းဖြစ်တာရော သူတို့ဘက်က လက်နက်ငယ်တွေ ၄၀ မမ တွေနဲ့ တောက်လျှောက် ပြန်ပစ်တာမို့ စစ်ခွေး သေစာရင်း အတည်မပြုနိုင်ဘူး။ ကျောက်စိမ်းတင်လာတဲ့မော်တော်တွေ မလာခင် ရှေ့ပြေးလာတာထင်တယ်" ဟု Peace Takers Task Force - PTTF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို Peace Takers Task Force - PTTF နှင့် The Brightness Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် များ အထိအခိုက်မရှိ ပြည်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...