Tuesday 26 September 2023

ရေးမြို့လယ်ရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်စောင့် စစ်တပ်ကို ရေးဘီလူး အဖွဲ့က ဝင်ရောက် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး


 ရေးမြို့လယ်ရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်စောင့် စစ်တပ်ကို ရေးဘီလူး အဖွဲ့က ဝင်ရောက် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၂၆ 


မွန်ပြည်နယ်၊ ရေးမြို့လယ်ရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်စောင့် စစ်တပ်ကို ရေးဘီလူး အဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေဘီးလူးအဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်နှင့် ဖရဲသီးရဲသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ 


စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရေးမြို့လယ်ခေါင်၊ ရန်ညွန့်အောင်ရပ်ကွက်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်အစောင့် စစ်တပ်ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ မစ်ရှင်အနေဖြင့် သေနတ် လုရန် ကြိုးစားခြင်းဖြစ်ပြီး အစောင့် စစ်သား ၅ ဦးကို ပိုင်ပိုင်နိုင်နိုင် ပစ်ချနိုင်ခဲ့ ကြောင်း၊ ပြည်သူထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ သေဆုံးခဲ့ ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်တိုက် ပစ်ခတ်နေသဖြင့် သေနတ် မလုနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။


"ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ မြို့လယ်ခေါင် ရန်ညွှန့်အောင်ရပ်ကွက်၊ ရွှေဆံတော်ဘုရားနဲ့ မီတာ ၁၀၀ လောက်မှာရှိတဲ့ မြ၀တီဘဏ်ကို၊ ဘဏ်ရှေ့မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တယ်။ မစ်ရှင်ရဲ့ Plan ကတော့ သေနတ်ဝင်လုတယ်။ အပြင်ကတုတ်မှာတော့ ၃ ယောက်ရှိတယ်။အပေါ်ထပ်မှာက ၄၊ ၅ ယောက်လောက်ရှိတယ်။ အောက်ကတုတ် ၃ ဦးကို ပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့တယ်။အပေါ်က နှစ်ဦးကိုလည်း ပစ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အခြေအနေတစ်ခုကြောင့် အထဲကို ထပ်ဝင်လို့မရဘူး။ အပေါ်က အပစ်အခတ် မရပ်စဲတဲ့ပုံစံတစ်ခုကြောင့်ပေါ့။လက်နက် သိမ်းဆည်း မရခဲ့ဘူး။ မစ်ရှင်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်။ ပြည်သူထိခိုက်မှု မရှိဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲ ကျဆုံးသွားတယ်။ ဆုတ်လမ်းကို အကောင်းဆုံး ဆုတ်ခွာနိုင်ခဲ့တယ်" ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ 


ရေးမြို့နယ်၊ ဖရဲသီးရဲသတင်းရင်းမြစ်၏ အဆိုအရ မြ၀တီဘဏ် ပစ်တ်ခံရမှု ကြောင့် သေဆုံးသူများတွင်တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး(ခေါ်) ပြည်သူ့စစ် ၂ ဦး ပါဝင်ကြောင်း ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...