Tuesday 26 September 2023

ဝေါမြို့နယ်ရှိ လက်ပံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


 ဝေါမြို့နယ်ရှိ လက်ပံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

++++++++++++++++

စက်တင်ဘာ ၂၆ 


ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ လက်ပံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်များဆီက သိရပါတယ်။ 


စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီ ၄၃ မိနစ်ခန့်မှာ ဝေါမြို့နယ်၊ လက်ပံကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်သားနဲ့ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦး ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 


ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဆီက G-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ၇.၆၂ ကျည် ၆၂ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မနက် ၁၀ နာရီခန့်မှာ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သိမ်ဇရပ် အမတ ၃၁၀ ကနေ ၈၁ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ဝေါမြို့နယ်၊ ပေါက်တန်းရွာရှိ ကျွန်းရွှေဝါ သောင်အတွင်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပေမယ့် ပြည်သူများ ထိခိုက်မှုမရှိဘဲ စပါးခင်းများ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 


လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်က လက်ပံကျေးရွာကို မြစ်ကျိးစံပြကျေးရွာကတဆင့် ဆိုင်ကယ် ၃ စီး ၊ အိမ်စီးကား ၂ စီး ၊ Faw ကားကြီး ၁ စီး တို့နဲ့ ရောက်ရှိလာပြီး လက်နက်ကြီးများနဲ့ ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...