Friday 29 September 2023

မုံရွာမြို့ပေါ်တွင် နေထိုင်သည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် အမှတ် ၂ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့က နေအိမ်၌ ဝင်ရောက် ဖမ်းဆီး


 မုံရွာမြို့ပေါ်တွင် နေထိုင်သည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် အမှတ် ၂ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့က နေအိမ်၌ ဝင်ရောက် ဖမ်းဆီး


ရန်ကုန်၊ စက်တင်ဘာ ၂၉


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နေထိုင်သည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို Black Falcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ၎င်းနေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သော အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ အမှတ် ၂ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို ၎င်း နေအိမ်၌ပင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။


" စက်တင်ဘာလ ၄ ရက်နေ့က မုံရွာမြို့လယ်ခေါင်က သူနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာပဲ ဝင်ဖမ်းခဲ့တာပါ။ ဖမ်းဆီးရမိတာနဲ့ တရားခံကို ဆက်စပ်ပစ္စည်းတွေနဲ့ မြို့နယ် ပ.က.ဖ ကိုလွှဲပြောင်း ပေးပြီးပါပြီ ရိုက်နှက် စစ်ဆေးတာမျိုးတော့ မရှိဘူး။ သူက ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ ရှေ့တန်းက စစ်ကောင်စီတပ်သား တွေကို အဓိက ကုသပေးရတဲ့သူပါ" ဟု Black Falcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


အဆိုပါ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးနှင့်အတူ ဟွန်ဒိုင်း အမျိုးစား အိမ်စီးကား ၁ စီး ၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် လက်တော့ ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က လုံခြုံရေး အပြည့် ချထားသော်လည်း လုံခြုံမူမရှိကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့များက မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ကျန်ရှိနေသော စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းပေးရန် သတိပေးလိုကြောင်း Black Falcon Guerrilla Forces မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...