Friday, 29 September 2023

မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်း ၉ စီး၊ ဗုံးသီး ၃၆ လုံး အသုံးပြု၍ Federal Wingsနှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


 မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်း ၉ စီး၊ ဗုံးသီး ၃၆ လုံး အသုံးပြု၍ Federal Wingsနှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


ရန်ကုန်၊ စက်တင်ဘာ ၂၉


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ရှိ စစ်ကောင်စီဘက်မှ ထိပ်ပိုင်းအရာရှိတပ်ဖွဲ့ဝင်များ စုဝေးနေထိုင်ရာ ထွေအုပ်ရုံးနှင့် မြင်းမူရဲစခန်းတို့ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒရုန်း၉စီး၊ ဗုံးသီး၃၆လုံး အသုံးပြု၍ တပ်ရင်းအမှတ် ၁၈၀၁ စစ်ကိုင်း‌ဒေသ (တပ်ခွဲ၃၊Federal Wings) နှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Federal Wings ထံမှ သိရသည်။


ထွေအုပ်ရုံးကို စက်တင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်တွင် 2kg ဗုံးသီး ၄လုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် မြင်းမူရဲစခန်းကို 2kgဗုံးသီး ၄လုံးအသုံးပြု၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Federal Wingsမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ဆက်လက်၍ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့ ထွေအုပ်ရုံးကိုပင် ထပ်မံ၍ 4kgဗုံးသီး ၂လုံးအသုံးပြု၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် စက်တင်ဘာလ ၂၈ ရက်နေ့ တစ်ရက်ထဲအတွင်း ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ၃ ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။


ယင်းသို့ ဒရုန်းများနှင့် ဗုံးသီးများ ကြဲချတိုက်ခိုက်မှုကြောင့် ထွေအုပ်အဆောက်အအုံများ ပျက်စီးသွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို လူနာတင်ယာဉ်များစွာဖြင့် တင်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။ 


အဆိုပါတိုက်ခိုက်မှုအတွင်း ဒရုန်းအဖွဲ့ဝင်များမှာ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။


အဆိုပါတိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၁၈၀၁ စစ်ကိုင်း‌ဒေသ (တပ်ခွဲ၃၊ Federal Wings)၊ စစ်ကိုင်းခရိုင်ပကဖ၊ GTRမြင်းမူ၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ SAFကျောင်းသားလက်ရုံးတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ ၊ Lightning drone force အဖွဲ့တို့နှင့်ပူးပေါင်း၍ ဒရုန်း အစီးရေ ၉ စီးနှင့် ဗုံးသီးအရေအတွက် ၃၆လုံး ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့များထံမှ သိရပါသည်။


Federal Wings (တပ်ရင်းအမှတ် ၁၈၀၁ စစ်ကိုင်းဒေသ တပ်ခွဲ ၃) သည် အချိန်တိုအတွင်း အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေး Mission ပေါင်း ၂၀ ကျော်ဖော်ဆောင်ခဲ့ပြီးဖြစ်သည်ဟု Federal Wings ထံမှ သိရပါသည်။


ပုံစာ- မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်ရန် လုပ်ဆောင်နေစဉ်

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...