Wednesday 13 September 2023

ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသော ကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်


 ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသော ကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်


ရန်ကုန်၊ စက်တင်ဘာ ၁၃


ပဲခူးတိုင်း၊ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၅ ရက်နေ့တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား သည် လက်နက် ခဲယမ်းများနှင့်တကွ သာယာဝတီခရိုင်တပ်ရင်း ၊ တပ်ရင်းအမှတ် -၃၈၀၁ ၊ တပ်ခွဲ-၁ YOMA GBK ထံ CDM ဝင်ရောက်လာသော ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး ဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


" ဇီးကုန်းက စစ်တပ် ထောက်ခံတဲ့ ကောင်တွေပေါက်ကွဲနေတယ်။ ဆိုင်ကယ် တော့ ဖမ်းပြီး ကိုယ့်ရဲစခန်းက ရဲပြေးတာကြတော့ မဖမ်းနိုင်လို့တဲ့ ပေါက်ကွဲ နေတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


ရဲတပ်သား သည် BA-64 စက်ကလေး G4 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံများနှင့် တကွ CDM ပြုလုပ်ခဲ့ကြောင်း၊ အမှန်တရားဘက်မှ ရပ်တည် ၍ CDM ပြုလုပ်လာမည့် ရဲဘော်များကို အချိန်မနှောင်းမီ CDM ပြုလုပ် ကြပါရန် တိုက်တွန်းနှိုးဆော်လိုကြောင်း သာယာဝတီ ခရိုင် PDF က ထုတ်ပြန် ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...