Thursday 14 September 2023

ပင်လောင်းမှာ PNO ခေါင်းဆောင် (၂) ဦးရဲ့ နေအိမ်တွေကို PDF ဝင်ရောက်စီးနင်း


 ပင်လောင်းမှာ PNO ခေါင်းဆောင် (၂) ဦးရဲ့ နေအိမ်တွေကို PDF ဝင်ရောက်စီးနင်း


ပင်လောင်း - စက်တင်ဘာ(၁၃)


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်မှာရှိတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) တိုက် နယ်ခေါင်းဆောင်နဲ့ နယ်မြေခံ ခေါင်းဆောင်တို့ရဲ့ နေအိမ်တွေကို ဖယ်ခုံ PDF ကဝင်ရောက် စီးနင်းခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 


ပြီးခဲ့တဲ့ ဩဂုတ်လ(၂၀) ရက်နေ့က ပင်လောင်းမြို့နယ် နန့်ဖာမူရွာက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တိုက်နယ်ခေါင်းဆောင် ခွန်မောင်ဝင်းရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့ပေမယ့် ခွန်မောင်ဝင်းဟာ အစည်းအဝေးသွားရောက်နေတာကြောင့် လူကိုတော့ ဖမ်းဆီးရမိခဲ့တာမရှိဘူးလို့ သိရပါတယ်။


ခွန်မောင်ဝင်းရဲ့နေအိမ်က ပအိုဝ်းဒေသခံတွေဆီက လက်နက်ဝယ်ဖို့ကောက်ယူထားတဲ့ ငွေကျပ် သိန်း(၉၀)အပြင် ကျည်ဆံ(၄၀၀) ကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် ဩဂုတ်လ(၂၈) ရက်နေ့ ညပိုင်းမှာ ပင်လောင်းမြို့နယ် နန့်တုတ်ကျေးရွာနေ PNO နယ်မြေခံ ခေါင်းဆောင် အယ်ဝေးရဲ့ နေအိမ်ကို ထပ်မံစီးနင်းချိန်မှာတော့ ပြန်လည်ခုခံခဲ့တာ ကြောင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး အယ်ဝေး ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


နယ်မြေခံ ခေါင်းဆောင်အယ်ဝေးဆိုသူရဲ့ နေအိမ်ကနေ ပစ္စတိုတစ်လက်၊ 9-MM ကျည်အနည်း ငယ်နဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရမိခဲ့တယ် လို့ ဖယ်ခုံ PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) နဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖယ်ခုံ - PDF အဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် အသွင် ပြောင်းထားပြီး မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ PNO အဖွဲ့ခေါင်း ဆောင် ဦးအောင်ခမ်းထီးနဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကြာခဏ သွားရောက်တွေ့ဆုံနေတာဖြစ်ပါတယ်။ 


ဒါ့အပြင် ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟာ စစ်ကောင်စီ ဘက်က ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က စွပ်စွဲ ထားပါတယ်။ 


သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - ဖယ်ခုံ- PDF

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...