Thursday 14 September 2023

KNLA တပ်မဟာ(၃)ထံ လက်နက်နဲ့အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ဦးကို ကျပ်သိန်း ၄၀စီပေးအပ်ခဲ့



 KNLA တပ်မဟာ(၃)ထံ လက်နက်နဲ့အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ဦးကို ကျပ်သိန်း ၄၀စီပေးအပ်ခဲ့

စက်တင်ဘာ ၁၄ ၊ ၂၀၂၃

 

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထံကို အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ဦး လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။


KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ (၃) ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ သံဆိပ်စခန်းမှာနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ−၃၅၀ က တပ်သား မောင်ဒဿ နဲ့ မောင်ဖြိုးကိုကိုတို့ဟာ စက်တင်ဘာ ၁၁ရက်မှာ လက်နက်ချ အလင်းဝင်လာတာဖြစ်ပါတယ်။


အဲဒီ တပ်သား ၂ဦးဟာ MA1တစ်လက်၊ MA2တစ်လက် နဲ့ ကျည်ဆံတွေ ယူဆောင်လာတာကြောင့် တစ်ဦးကို ကျပ်သိန်း ၄၀ စီပေးအပ်ခဲ့ကြောင်း KNUက အသိပေးထုတ်ပြန်ထားပါတယ်။


KNU လက်အောက်ခံတပ်တွေဆီကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့အလင်းဝင်တာတွေ အရင်ကလည်းရှိခဲ့ပြီး အခုလပိုင်းတွေအတွင်းမှာလည်းလက်နက်ချ အလင်းဝင်တာတွေ မကြာခဏ ရှိနေပါတယ်။


စက်တင်ဘာ ၄ရက်က KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေမှာ ခလရ(၃၂) ရဲ့ တပ်သား တစ်ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ပေးအပ်ထောက်ပံ့ခဲ့သလို ဩဂုတ် ၁၇ရက် ကလည်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ တပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်လာလို့ ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ထိုင်းဘတ်ငွေ ငါးသောင်း ပေးအပ်ခဲ့ပါတယ်။ ဩဂုတ် ၈ရက်ကလည်း အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၁၁၈) တပ်မှ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား ၁ဦးတို့က လက်နက်နဲ့ အလင်းဝင်လာလို့ ဗိုလ်ဒါဘောက တစ်ဦးကို ထိုင်းဘတ်ငွေ ငါးသောင်းစီ ပေးအပ်ခဲ့ပါတယ်။


#SpringRevolution

#PVTV

PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...