Saturday 9 September 2023

မတူပီမြို့ အခြေစိုက် ဗျူဟာစခန်းက စစ်သား ၂ ဦး လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၆၀ စီ ချီးမြှင့်


 မတူပီမြို့ အခြေစိုက် ဗျူဟာစခန်းက စစ်သား ၂ ဦး လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၆၀ စီ ချီးမြှင့်

++++++++++++++++

စက်တင်ဘာ ၉ 


ချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် ဗျူဟာစခန်းက စစ်သား ၂ ဦး လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၆၀ စီ ချီးမြှင့်ခဲ့တယ်လို့ CDF Matupi က ထုတ်ပြန်ပါတယ်။ 


သြဂုတ်လ ၂၈ ရက်နေ့က မတူပီမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဗျူဟာစခန်းက တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ် တို့ဟာ CDF Matupi တပ်ဖွဲ့ဆီ လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် CDF Matupi က ဆုငွေ သိန်း ၆၀ စီ ချီးမြင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီ စစ်သား ၂ ဦးဟာ MA 1 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည် ၅၃ဝ တောင့်နဲ့ ကျည်ဘောက် ၈ ခုတို့ ယူဆောင်လာကာ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။ 


စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေနဲ့ လက်နက်ခဲယမ်းနဲ့အတူ CDF Matupi ဆီ CDM ပြုလုပ် အလင်းဝင်မယ်ဆိုရင် ထိုက်သင့်တဲ့ ဆုငွေ ချီးမြင့်ပြီး လုံခြုံရေး နဲ့ အခြားလိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်လို့ အချိန်မရွေး CDF Matupi က ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...