Saturday 9 September 2023

စစ်ကူလာသည့် စစ်ကောင်စီတပ်ကို TNLA ကြားဖြတ်တိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


 စစ်ကူလာသည့် စစ်ကောင်စီတပ်ကို TNLA ကြားဖြတ်တိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဧရာဝတီ၊ စက်တင်ဘာ ၉၊ ၂၀၂၃


ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်းသို့ အင်အားဖြည့်တင်းရန် စစ်ကူလာသော စစ်ကောင်စီတပ်ကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ကြားဖြတ်တိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။


စက်တင်ဘာ ၈ ရက်၊ နံနက် ၇ နာရီခွဲတွင် TNLA တပ်မဟာ-၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ လဲကြီးနှင့်တောင်နီကြားသို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ၏ တပ်မ ၈၈၊ လပခ-ခလရ (၇၁) စစ်ကြောင်းနှင့် TNLA တပ်မဟာ(၄) တပ်ရင်း-၅၉၃ တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကားတစီး ချောက်အတွင်းသို့ ထိုးကျပျက်စီးခဲ့သလို MA1 ၃ လက်၊ MA2 ၁ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အသေအဆုံးများ ရှိခဲ့သော်လည်း အသေးစိတ်အခြေအနေများကို မသိရှိရသေးဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း TNLA က ဆိုထားသည်။


ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ကလည်း TNLA တပ်မဟာ(၄)စစ်ဒေသ လားရှိုးမြို့နယ် မုန်းလီနှင့် ကောင်းဆာကြားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သေးသည်။


စစ်ကောင်စီသည် ဇူလိုင်လအတွင်းမှစတင်ကာ TNLA ထိန်းချုပ်နယ်မြေများသို့ စစ်အင်အားအလုံးအရင်း ဖြည့်တင်းလာပြီး ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ TNLA နှင့် စစ်ကောင်စီတပ်ကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၂၃ ရက်မှ စက်တင်ဘာ ၈ ရက်ထိ တိုက်ပွဲပေါင်း ၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ - PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန  


#WhatsHappeningInMyanmar

#RejectMilitaryCoup

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...