Thursday 7 September 2023

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းသော ခလရ-၃၂ တပ်ရင်း မှ တပ်သား တစ်ဦးအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာ ခရိုင် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်


 ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်းသော ခလရ-၃၂ တပ်ရင်း မှ တပ်သား တစ်ဦးအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာ ခရိုင် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်


စက်တင်ဘာလ (၇) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ တပ်သား စိုင်းဖြိုးအောင် ၂၂ နှစ်သည် လက်နက်ခဲယမ်းများနှင့်အတူ KNU - တပ်မဟာ (၆)၊ KNLA - တပ်ရင်း (၁၇)၊ တပ်ခွဲ (၂)ထံသို့ လာရောက် ပူးပေါင်းခဲ့သည်။


အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် ၎င်း၏ တပ်မှ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ နွေးထွေးသော ပြည်သူ့ရင်ခွင်သို့ ခိုလုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းနှင့်အတူ ပါလာသော လက်နက်ခဲယမ်းများမှာ MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၅) ဘောက်၊ ၅.၅၆ ကျည်တောင့် (၇၅) တောင့် နှင့် အီကွေးမင့် (၁) စုံ တို့ဖြစ်သည်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး နှင့် နွေးထွေးသော ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက်ပူးပေါင်းရန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများမှ လှိုက်လှဲစွာ ဖိတ်ခေါ်လျှက်ရှိသည်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွါကာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများ၏ ရင်ခွင်သို့ လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်းသော စစ်သားများကို ပြည်သူလူထုများမှ နွေးထွေးစွာ ကြိုဆိုလျှက် ရှိနေပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ၎င်းတို့၏ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်သည်။


ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်း သော အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ တပ်သား စိုင်းဖြိုးအောင် ၂၂ နှစ်ကိုလည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေအနေဖြင့် မြန်မာငွေ (၅,၀၀၀,၀၀၀) သိန်းငါးဆယ် ကျပ် တိတိ ကူညီထောက်ပံ့ပေးခဲ့သည်။


ထို့အတူ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို ၎င်းတို့၏ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာ သော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်သလို သာမာန် ပြည်သူ အနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တာဝန်ရှိ လူကြီးများမှ ပြောသည်။


ဤအကြောင်းအရာ နှင့် မှတ်တမ်းဓာတ်ပုံများမှာ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံမှ စုစည်းတင်ပြခြင်း ဖြစ်သည်။


ဓာတ်ပုံ − ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူး ပေါင်းလာသော တပ်သားတစ်ဦး နှင့် KNLA မှ အရာရှိ တစ်ဦး။


သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...