Thursday 7 September 2023

ယင်းမာပင်တွင် သစ်ခိုးထုတ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ


 ယင်းမာပင်တွင် သစ်ခိုးထုတ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သစ်ခိုးထုတ်နေသော စစ်တပ်စစ် ကြောင်း ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း ကျောက်လုံးကြီး PDF က တရားဝင်ထုတ်ပြန် ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန် ယင်းမာပင်မြို့နယ်၊ စည်သူ သစ်ကွင်းတွင် သစ်ခိုးထုတ်နေသော အင်အား ၁၀၀ ပါစစ်တပ်စစ် ကြောင်းကို  ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃  ကျောက်လုံးကြီး PDF နှင့်  ULF တပ် ပေါင်း စုတို့က  ပူးတွဲမစ်ရှင်အဖြစ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ သစ်ခိုးထုတ်နေသော စစ်ကြောင်းသည် ယင်းမာပင် မြို့နယ် ကျောက်ကုန်ကျေးရွာတွင် ၃ ရက် တပ်စွဲပြီး စက်တင် ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန် အပြင်သို့ ထွက်လာချိန် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သူသေဆုံးသူ ၁၅ ဦးရှိကြောင်း ၊ အတွင်းသတင်းအရ စစ်သား ၅ ဦးသေ ဆုံး ပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ၊  တိုက်ပွဲဖြစ်ပွားပြီးချိန် စစ်ကောင်စီဘက်မှ အထိနာ၍  အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဟောင်ဝှစ်ဇာ လက်နက် ကြီးဖြင့် ၄ ကြိမ်တိတိ ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် ULF(မဟာမိတ်တပ်ပေါင်းစု)မှ  ရဲဘော်(၆)ဦး အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး မစ်ရှင်ကို အောင်မြင်စွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း၊  သိမ်းဆည်းရရှိသော လက်နက်များမှာ-

၁။ MA (1) နှစ်လက်
၂။ MA (2) တစ်လက်
၃။ 5.56 ကျည် ( ၄၀၀ ) တောင့်
၄။ ကျည်ဘောက် ၁၇ ခု
၅။ Icon (၁) လုံး
၆။ ဖုန်း (၁) လုံး တိုဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲကို  ULF(တပ်ပေါင်းစု)မှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး Comrade Column(CC)မှ နဂါးညီနောင်တပ်ဖွဲ(DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ၊ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး(LPDF)၊  ဗိုလ်ထွန်းတောက်(LPDF) ၊ Chindwin Myay Division PDF(တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှ ခွဲ(၁)Alpha Special Force၊ ခွဲ(၂)Triple Two Task Force၊ခွဲ(၃)Chindwin Galone Yarzar Gureilla၊ ခွဲ(၄)Monywa Truth Of Force၊ ခွဲ(၅)Yinmarbin Local PDF၊ KLG Column(တပ်ရင်း ၂၁၊၂၂၊၂၃) တိုအပြင် ဒေသမဟာမိတ်တပ်ဖွဲများဖြစ်သည့် ယင်းမာပင်ခရိုင်(တပ်ရင်း ၁/၂)၊ YMB Column၊ B 21 PDF(တပ်ရင်း ၁၇)၊ PDA(တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ တို့က  ပူးတွဲမစ်ရှင်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...