Thursday 7 September 2023

စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး


 စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၆ 


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ မှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


စက်တင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က အင်အား ၃၀ ခန့်ရှိသော အကြမ်းဖက်စစ် သားများ သည် စစ်ကိုင်းမြို့နယ် အင်းစရွာမှ ပြည်သူပိုင်ပစ္စည်းများ ကို ခိုးယူပြီး ဖောကား ၂ စီးဖြင့် ခိုးယူသယ် ဆောင်လာစဉ် ကား ၂ စီးဗွတ်နစ်သွားရာ ယာဉ်ပေါ်ပါအကြမ်းဖက်စစ်သားများမှ ဆင်းတွန်းနေစဉ် ဒရုန်း ဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အနီးအနား၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။


“အဓိက ဝက်လက်မြို့နယ်တဝိုက်ကို စစ်ကြောင်းထိုးဖို့လာတာ၊ စစ်ကိုင်းထဲက ကြွယ်ပုံက ပျူတွေရော၊ အဲဒီကရွာထဲကနေ ကားတွေနဲ့ ဆင်းလာတယ်၊ ဆားတောင်ဘက်တို့ဘက်ကနေလည်း ဆင်းလာတာ တာရှိတယ်၊ အင်းစမှာ ဗွတ်နစ်နေတာ၊ ဗွတ်နစ်တော့ ကားကို ဝိုင်းပြီး ဆင်းတွန်းနေကြတာ၊ အဲဒီအချိန် မှာ ဒရုန်းနဲ့ချလိုက်တာ၊ ထိချက်ကောင်းသွားတော့ ကားတွန်းနေတဲ့ ၈ ယောက်သေသွားတာ၊ တော် တော်များများလည်း ဒဏ်ရာရသွားတယ်၊ တောင်ကြားကလည်း အဲဒီစစ်ကြောင်းပဲ၊ နှစ်ပေါင်မယ်ဆိုရင် စုစုပေါင်းအင်အားက ၁၆၀ လောက်ရှိမယ်၊” ဟု ကျောက်ဆည်ခရိုင်နဂါးနီတပ်ရင်း ၁ မှ ဒုတပ်ရင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အလားတူ စက်တင်ဘာလ ၅ ရက် နေ့လည် ၁၁ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ တောင်ကြားရွာသို့ ရောက်ရှိနေ သော အကြမ်းဖက်စစ်သား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျမသိရ သေးကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက်စစ်ကြောင်းနှင့် အခြားနေရာများမှ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ၅၀၀ ခန့်သည် ဝက်လက်မြို့နယ်အတွင်းသို့ မွှေနှောက်ဖျက်ဆီးရန် စစ်ကြောင်း ထိုးနေပြီး တိုက် ပွဲများပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေး သတိရှိနေကြရန် တိုက်တွန်းပါကြောင်း တော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးထားသည်။


“ဝက်လက်မြို့နယ်ကို စစ်ကြောင်းတွေက အများကြီးပဲ၊ အင်အား ၅၀၀ ကျော်လောက်နဲ့ ဝိုင်းနေတာ၊ အခုကျနော်တို့ ဒရုန်းနဲ့ ဗုံးကျဲခဲ့တာက အင်းစရွာနဲ့ အုတ်ဓမ္မရွာကြား ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖော ကား ၂ စီးနဲ့တင်လာပြီးတော့ အင်းစနဲ့ အုပ်ဓမ္မကြားဗွတ်နစ်နေတာကို ဆင်းတွန်းနေတာကို ဗုံးချခဲ့တာ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ -Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုများကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ - Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ ကျောက်ဆည်ခရိုင် နဂါးနီ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာပြည်သူ့ ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့၊ Lighting Drone Force ၊ Demo Pauk Kwae(ဒီမိုပေါက်ကွဲ)၊ ဆားတောင် မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိပ် အဖွဲ့စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...