Saturday 2 September 2023

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်


 အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်


စက်တင်ဘာလ (၂) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။


ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း ရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း (၃) တို့ပူးပေါင်းထားသော တပ်မဟာ ဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ မနက် (၅) နာရီ တွင် စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၅း၃၀) မိနစ်အချိန်ခန့်တွင် ထိုစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


သစ်ချဆိပ်စခန်းအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သော ခလရ−၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နှင့် ခမရ−၃၅၁ တို့တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များဘက်မှ (၁၅) ဦးသေဆုံးခဲ့ကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များထံမှ ကွန်မန်ဒိုပြောင်း (၂) လက်၊ စက်လတ် (၁) လက် နှင့် လက်နက်ငယ် စုစုပေါင်း (၁၉) လက်ကို သိမ်းဆည်းရမိခဲ့သည်။ ထိုစခန်းအား တိုက်ခိုက် သိမ်းပိုက်စဉ်အတွင်း ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (K.L.N.A) ပူးပေါင်းတပ်ဖွဲ့များဘက်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် (၂) ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါသည်။


သစ်ချဆိပ်စခန်းတွင်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာ ပြည်သူလူထုများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခြင်း အနီးအားရှိဒေသခံပြည်သူလူထုများ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းနှင့် နေထိုင်ရာကျေးရွာများအတွင်းသို့ မကြာခဏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ပြည်သူလူထုများအား တံတိုင်းအကာအရံသဖွယ် ထားရှိပြီး စခန်းအား တည်ဆောက်ထားပြီး ပြည်သူလူထုများအား လက်နက်အားကိုးပြီး အနိုင်ကျင့်မှုများ ပြုလုပ်လျက် ရှိနေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်း။


ထို့အပြင်တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စခန်းအတွင်းတွင်သာမက ပြည်သူလူထုများ၏ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံးများအတွင်းနေပြီး ပြန်လည်ခုခံခြင်း၊ ကညွတ်ကွင်းတွေရှိတော့ ခလရ−၄၃၉ မှ ၁၂၂ မမ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများများဖြင့်ပစ်ကူခြင်း၊ ကျောက်ကြီး သံဘိုတွင် ရှိသော ခလရ−၆၀ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းအပြင် လေကြောင်းပစ်ကူများကိုပါ အသုံး ပြုခဲ့သည့်အတွက် ခက်ခက်ခဲခဲဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်။


ဓါတ်ပုံ − အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မ၏ သစ်ချဆိပ် စခန်းအား တိုက်ခိုက်သိမ်းပိုက်အောင်မြင်ခဲ့သည့်ပုံရိပ်များ။


သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့် ပြန်ကြားရေး။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...