Sunday 3 September 2023

မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ


 မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ


ရန်ကုန်၊ စက်တင်ဘာ ၃


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းတပ်မတော် တပ်မဟာ ၅ ရှိရာ ခိုမုန်းရွာအနီးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ စကခ - ၁၇ ၊ ခမရ - ၅၇၇ ၊ ရမခ/ ခလရ - ၄၅ တို့က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာသောကြောင့် ခိုမုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ထို့ပြင် စက်တင်ဘာလ ညနေ ၆ နာရီခန့်ကလည်း မူဆယ်မြို့နယ်ရှိ TNLA တပ်စခန်းရှိရာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ ၊ ခမရ - ၄၂၀ တို့က ထိုးစစ် ဆင်လာသောကြောင့် လွယ်ကျလော့အနီး တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ထိတွေ့တိုက်ပွဲများသည် ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်၏ နမ့်ဖက်ကာ ၁၂၃ တပ်နှင့် လွယ်ကျလော့တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ တအာင်းတပ်မတော်နှင့် အကြမ်းဖက် စစ်တပ် အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့ အထိ တိုက်ပွဲစုစုပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...