Sunday 3 September 2023

စစ်ကောင်စီတပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အာဆီယံပြည်သူ့ဖိုရမ်ကြေညာ


 စစ်ကောင်စီတပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အာဆီယံပြည်သူ့ဖိုရမ်ကြေညာ


ထားအိ/People’s Spring


အာဆီယံပြည်သူ့ဖိုရမ်(ASEAN People Forum 2023)

သည် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယနေ့သတ်မှတ်ကြေညာသည်။


လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်သည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လာသဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း အာဆီယံပြည်သူ့ဖိုရမ်က ဆိုသည်။ 


အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ စက်တင်ဘာ ၁ မှ ၃ အထိ ကျင်းပခဲ့သော ယင်းဖိုရမ်တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတီ၊ ဗီယက်

နမ်တို့မှ ပြည်သူများ တက်ရောက်ခဲ့ကာ ၎င်းတို့သည် မြန်မာစစ်ကောင်စီ၏ ဖိနှိပ်မှုကို ခုခံတွန်းလှန်နေသော မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာအတူ ရပ်တည်ကြောင်း ထုတ်

ပြန်သည်။


“ဒီလူထုဖိုရမ်ကြီးက ပထမဆုံးအကြိမ် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာလိုက်တယ်ဆိုတာသည် လူထုလှုပ်ရှားမှုတွေထဲ အဆင့်တဆင့်တက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်က ပြည်သူကို ဘယ်လိုဆက်ဆံလည်းဆိုတာ ပြည်သူက အဓိက အသိဆုံးဖြစ်ပါတယ်။ သို့သော်ငြား အာဆီယံအဆင့် ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်ခုက စစ်တပ်လုံခြုံရေးအဖွဲ့တစ်ခုကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာတယ်ဆိုတာ ဘယ်

လောက်တောင်ဆိုးရွားရက်စက်လဲဆိုတာကို အာဆီယံဒေသတွင်း ပြည်သူတွေရဲ့ အသိပညာတိုးတက်မှု၊ သူတို့ စဉ်းစားမှုပြောင်းလဲလာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါက သိပ်ခက်ခဲပါတယ်။ စစ်တပ်သည် နိုင်ငံရဲ့ တရားဝင် အဖွဲ့အစည်း အဖြစ်ရပ်တည်လာတာ အခုမှ မဟုတ်ဘူး။ သို့သော် ဒီအဖွဲ့အစည်းကို တရားဝင်မှု ပယ်ချလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်။ terrorist အဖွဲ့အစည်းအဖြစ် ကြေညာတယ်ဆိုတာ အနည်းဆုံးတော့ ဒီဖိုရမ်ကတဆင့် တက်ရောက်လာတဲ့ ပြည်သူတွေ ၊ လူငယ်တွေ နောက်မျိုးဆက်သစ်တွေဟာ စစ်တပ်ရဲ့ လုပ်ရက်တွေကို ပိုပြီး မြင်လာနေပြီ။ လူထုချင်း အတူရပ်ထားမှ ရမယ်ဆိုတာ၊ အတူကာထားပေးမှရမယ်ဆိုတဲ့ စဉ်းစားချက်လည်း တိုးတက်လာတာ ကျွန်မတို့ ဒေသတွင်းအတွက် ကောင်းတဲ့ အပြောင်းအလဲဖြစ်ပါတယ်” ဟု ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။


ယင်းဖိုရမ်သည် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကတည်းက နှစ်စဉ် တစ်နှစ်အကြိမ်ကျင်းပသော အာဆီယံဒေသတွင်း အကြီးမားဆုံးစုဖွဲ့မှုဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ၊ အမျိုးသမီးများ၊ နေရာဒေသ အသီးသီးမှ ဖိနှိပ်ခံ၊ ဖယ်ကြဉ်ခံတို့ကို ကိုယ်စားပြုတက်ရောက်ကာ ဖလှယ်ကြ၊ ဆွေးနွေးကြကြောင်း ယခုနှစ်ဖိုရမ်သို့ အွန်လိုင်းမှ တက်ရောက်မိန့်ခွန်းပြောကြားသူ မသဉ္ဇာရွှန်းလဲ့ရည်က ရှင်းပြသည်။


ထို့အပြင် အာဆီယံပြည်သူ့ဖိုရမ်သည် အာဆီယံခေါင်း

ဆောင်များအနေဖြင့် စစ်ကောင်စီကို တရားဝင်မှုမပေးရန်၊ စစ်ကောင်စီ၏ လက်နက်နှင့် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန်၊ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ရန်နှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးကို ထောက်ခံပံ့ပိုးရန် တောင်းဆိုသည်။


ယင်းနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EROs၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ပါဝင်ပတ်သက်သူများ(stakeholders)ကို တရားဝင်ဆက်သွယ်မှု၊ ပုံမှန်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နှင့် NUG နှင့် EROs များနှင့် ပူးပေါင်းခြင်းဖြင့် ဒေသခံအဖွဲ့အစည်းများမှတဆင့် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများကို တိုက်ရိုက်ချက်ချင်းပေးအပ်ရန်လည်း အာဆီယံပြည်သူ့ဖိုရမ်က တိုက်တွန်းထားသည်။


(အာဆီယံပြည်သူ့ဖိုရမ်(ASEAN People Forum 2023) ကိုဂျာကာတာမြို့တွင် စက်တင်ဘာလ ၁ ရက်မှ ၃ ရက်အထိကျင်းပခဲ့သည်။ဓာတ်ပုံ - Iloilo Pride Team 

FB)

No comments:

Post a Comment

တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ

 တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...