Sunday 3 September 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းယူပြီးနောက် စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ လက်နက်ကြီးများဖြင့် တစ်ချိန်လုံး ပစ်ခတ်နေ


 ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းယူပြီးနောက် စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ လက်နက်ကြီးများဖြင့် တစ်ချိန်လုံး ပစ်ခတ်နေ


■ စစ်သားအလောင်းများ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်လာ


ရန်ကုန်၊ စက်တင်ဘာ ၃ 


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်စခန်း ၂ ခုကို စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်နီဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထားပြီး စစ်ရေးဆက်လက် တင်းမာနေကာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်သွားကြောင်း ဒေသကာကွယ်ရေး တပ် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်များက ဒီးမော့ဆို တိုက်ပွဲပြင်းထန်နေသော တစ်နေရာကို လှည့်ပတ်၍ ဗုံးကျဲချသွားကြောင်း၊ လက်ရှိတွင် ထိခိုက်မှု သတင်းမသိရသေးကြောင်း သိရှိရသည်။ 


"စခန်း ၂ ခု သိမ်းလိုက်တာမှာ လက်နက်တွေလည်း ရထားတယ်။ စစ်ခွေး အလောင်းနဲ့ အရှင် ဖမ်းမိတာတွေလည်းရှိ။ ညနေ ၅ နာရီ လောက်မှာ ဒီးမော့ဆို တစ်နေရာကို ဗုံးကျဲချတယ်။ တိုက်လေယာဉ်နဲ့ ၃ ကြိမ်လောက်ကျဲတယ်။ စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်" ဟု ရှေ့တန်း သတင်း ရင်းမြစ် တစ်ခုက ပြောဆိုသည်။ 


ထို့ပြင် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ချိန်လုံး ပစ်ခတ်နေကြောင်း သိရှိရသည်။ 


လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အခြေအနေများကို အသေးစိတ် ပြောဆိုနိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်ကို သာ စောင့်ဆိုင်းကြရန် ကရင်နီရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...