Sunday 3 September 2023

ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ဒရုန်းဗုံးထိမှန်၍ သေဆုံး


 Breaking News- ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ဒရုန်းဗုံးထိမှန်၍ သေဆုံး 


■ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း အပါအဝင် ၁၃ ဦး အပြင်းအထန်ဒဏ်ရာရ 


ရန်ကုန်၊ စက်တင်ဘာ ၃ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီထွေ/အုပ်ရုံးကို ယနေ့ ညနေပိုင်း ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ 


စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မြ၀တီမြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ဗုံး ၂ လုံးကျရောက်ခဲ့ကြောင်း၊ ယင်းဗုံးကျရောက်မှုကို စစ်တပ်နှင့်ထွေ/အုပ် ပူးပေါင်း အဖွဲ့က လာရောက် စစ်ဆေးနေစဉ် ည ၇ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကျဲချခဲ့ကြောင်း၊ ယင်းသို့ ကျဲချခဲ့မှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်းနှင့် ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့ ဒရုန်းဗုံးထိမှန်၍ ပွဲချင်းပြီး သေဆုံခဲ့ကြောင်း၊ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာဖြင့် မြ၀တီခရိုင်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ဒဏ်ရာရ ၁၃ ဦးတို့ သည် မြဝတီခရိုင်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...