Monday 4 September 2023

ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်မှူး စိုးတင့်အပါ အဝင် ၅ ဦးသေဆုံးခဲ့သော မြ၀တီထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲမှုတွင် Federal Wings ဒရုန်းတပ်ဖွဲ့ ပါဝင် တိုက်ခိုက်ခဲ့


 ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်မှူး စိုးတင့်အပါ အဝင် ၅ ဦးသေဆုံးခဲ့သော မြ၀တီထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲမှုတွင် Federal Wings ဒရုန်းတပ်ဖွဲ့ ပါဝင် တိုက်ခိုက်ခဲ့


■ ဒဏ်ရာပြင်းထန်သော မြ၀တီခရိုင်မှူး ဒုရဲမှူးကြီး အပါအဝင် ရဲ ၅ ဦး မဲဆောက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ


ရန်ကုန်၊ စက်တင်ဘာ ၄ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး စိုးတင့်၊ ရဲအုပ် နေလင်းစိုး အပါအဝင် ဝန်ထမ်း ၅ ဦးသေဆုံးစေခဲ့သော မြ၀တီထွေ/အုပ်ရုံး ဒရုန်းဖြင့် ဗုံးကျဲမှုတွင် Federal Wings တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ချက်နှင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 


စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မြ၀တီမြို့ ရဲစခန်းကို Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ဗုံး ၂ လုံးကျရောက်ခဲ့ကြောင်း၊ ယင်းဗုံးကျရောက်မှုကို စစ်တပ်နှင့်ထွေ/အုပ် ပူးပေါင်း အဖွဲ့က လာရောက် စစ်ဆေးနေစဉ် ည ၇ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကျဲချခဲ့ကြောင်း၊ ယင်းသို့ ကျဲချခဲ့မှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်းနှင့် ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့ ဒရုန်းဗုံးထိမှန်၍ ပွဲချင်းပြီး သေဆုံခဲ့ကြောင်း၊ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာဖြင့် မြ၀တီခရိုင်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒဏ်ရာရရှိသူများအနက် မြ၀တီခရိုင်မှူး ဒုရဲမှူးကြီး အောက်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတပ်ကြပ် မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ထိုင်းနိုင်ငံ မဲဆောက် အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီး(မယ်ပ) တွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။ 


"တံတားကနေပြီး မြ၀တီပရဟိတ လူနာတင်ကားတွေနဲ့ မဲဆောကက် အင်တာနေရှင်နယ်ဆေးရုံကို ပို့လိုက်တာ။ စုစုပေါင်း ကား ၅ စီး ပါ။ လူနာ ၅ ဦး" ဟု မဲဆောက်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။ 


စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ယမန်နေ့ညပိုင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...