Monday 4 September 2023

ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်သား ကိုကိုလွင် ပစ်ခတ်ခံရပြီး သေဆုံး


 ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်သား ကိုကိုလွင် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၄ 


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် ယမန်နေ့ ညနေပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် ပေါင်မြို့နယ်တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုပြီး‌ ပြန်အလာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ပစ်ခတ်ခံရ ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"နယ်ထိန်း ကိုကိုလွင်က အရပ်ဝတ်နဲ့ ဆိုင်ကယ်နဲ့ ပြန်လာတာ။ အဲဒါကို လမ်းမှာ စောင့်ပြီး ပစ်သွားတာ။ သေနတ်နဲ့ ၁၁ ချက် တိတိ ပစ်တယ်။ ဆုံးတာတော့ ပွဲချင်းပြီးဆုံးတယ်။ နယ်ထိန်းရဲ ကိုကိုလွင် တရားရုံးက ပြန်လာမှာကို ကြိုသိထားလို့ လမ်းက စောင့်ပစ်သွားတာ" ဟု ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...