Monday 4 September 2023

ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်၏ သေးဆူလဲနှင့် ပူဖား အထိုင်စစ်စခန်း ၂ ခု တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သားအလောင်းများ၊ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်၏ သေးဆူလဲနှင့် ပူဖား အထိုင်စစ်စခန်း ၂ ခု တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သားအလောင်းများ၊ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၄


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်စခန်း ၂ ခုဖြစ်သည့် သေးဆူလဲနှင့် ပူဖားအထိုင်စစ်စခန်း ၂ ခုကို စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်နီဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများ၊ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရှိရသည်။


စက်တင်ဘာလ ၂ ရက်နေ့ ၊ ၃ ရက်နေ့ တို့တွင် စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက်လျှောက်ဆိုသလိုလုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်များက ဒီးမော့ဆို တိုက်ပွဲပြင်းထန်နေသော တစ်နေရာကို လှည့်ပတ်၍ ဗုံးကျဲချသွားကြောင်း၊ လက်ရှိတွင် ထိခိုက်မှု သတင်းမသိရသေးကြောင်း သိရှိရသည်။ 


"စခန်း ၂ ခု သိမ်းလိုက်တာမှာ လက်နက်တွေလည်း ရထားတယ်။ စစ်ခွေး အလောင်းနဲ့ အရှင် ဖမ်းမိတာတွေလည်းရှိတယ် " ဟု ရှေ့တန်း သတင်း ရင်းမြစ် တစ်ခုက ပြောဆိုသည်။ 


များမကြာမီ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းဆည်းရရှိမှု သတင်းကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...