Monday 18 September 2023

မင်းလှမြို့နယ်ရှိ ခါချဉ်တောင်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး


 မင်းလှမြို့နယ်ရှိ ခါချဉ်တောင်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၁၇ 


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ခါချဉ်တောင်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၁၄ ရက်ည ၈ နာရီခန့်က ခါချဉ်တောင်စခန်းကို ပြန်လည်ရယူနိုင်ရန် ရှုခင်းသာဘက်မှ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅ မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကြောင်းမှ နောက်ပြန်ဆုတ်သွားခဲ့ကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ခါချဉ်တောင်ပေါ်သို့ ဗိုလ်ရုံဘက်မှ တိတ်တဆိတ် တက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ထပ်မံဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။


အလားတူ စက်တင်ဘာလ ၁၆ ရက် နေ့လည် ၁၁ နာရီခန့်တွင် ခါချဉ်တောင်စခန်းအား သိမ်းပိုက်နိုင်ရန် အင်အား ၆၀ ခန့်ပါ ဖောကား ၂ စီးဖြင့်ထပ်မံ တက်လာရာ ပြည်သူ့ကာကွယ်ရေး ကင်းထောက်အဖွဲ့မှ ဥတစ်လုံးတောင်ပေါ်မှ နေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကြောင်းမှ ၈၀ မမများ၊ စက် လက်၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီးခါချဉ်တောင်ပေါ်သို့ ဆက်တက်လာခဲ့ရာ ရှေ့ဆုံးကား ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကားမောင်းသူအပါအဝင် ကားပေါ် လိုက်ပါလာသူ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးအများအပြားဒဏ်ရာရရှိကာ ကားမှာလည်း ရပ်တန့် ပျက်စီးခဲ့သည်ဟု ဆိုသည်။


စစ်သားများ လိုက်ပါလာသော ဖောကားပေါ်မှ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင် များမှ ကားအနီးသို့ ချဉ်းကပ်စဉ် နောက်မှ လိုက်ပါလာသည့် ဖောကားမှ အနီးသို့ ရောက်ရှိလာပြီး ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကားအနီးမှ ပြန်လည် ဆုတ်ခွာခဲ့ရပြီး အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။


ထိုသို့ တိုက်ပွဲပြင်းထန်နေစဉ် အကြမ်းဖက်စစ်တပ်မှ စစ်ကူအင်အားများ ရောက်ရှိလာသည့်အပြင် လက် နက်ခဲယမ်း လိုအပ်ချက်ရှိလာဖြင့် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ဝင်များမှ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ရဲဘော် များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဆေးရုံ၌ ၃ ဦးထပ်မံသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်းမှ ထုတ်ပြန်ထားသည်။


" ခါချဥ်တောင်စခန်းကို ကျွန်တော်တို့တွေ ဆက်လက်ထိန်းထားဆဲပါ။ တိုက်ပွဲတွေအတွင်း စစ်ခွေး ၈ ကောင်သေတာ အလောင်းတွေကားပေါ်မှာ ပုံနေတာ video ရိုက်တဲ့ ရဲဘော်ဖုန်းက တပ်ဆုတ်တော့ ချောင်းဖြတ်ကူးတော့ ရေနစ်ပြီး ပျက်ဆီးသွားလို့ အဲ့စစ်ခွေး အလောင်းတွေကို ပြည်သူတွေကို ချပြချင်တာ တော်လှန်ရေးဟာ ဘယ်လောက်ထိ အောမြင်လာလဲဆိုတာ သိစေချင်တယ်။ လက်နက်ခဲယမ်း မပြည့်စုံတဲ့ကြားက အကြမ်းဖက် စစ်တပ်ကို ကျွန်တော်တို့ ရဲဘော်တွေ အသက်တွေ ရင်းပြီး တိုက်နေပါတယ်။ ပြည်သူများ ပံ့ပိုးပေးကြဖို့ အကူအညီတောင်းခံအပ်ပါတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...