Sunday 1 October 2023

မုံရွာ၊ ဆားလင်းကြီးနှင့် မြောင် တို့တွင် စစ်သင်္ဘောအုပ်စု၊ တပ်စခန်းနှင့် စစ်ကြောင်းတို့ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး


 မုံရွာ၊ ဆားလင်းကြီးနှင့် မြောင် တို့တွင် စစ်သင်္ဘောအုပ်စု၊ တပ်စခန်းနှင့် စစ်ကြောင်းတို့ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၃၀ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာသော အကြမ်းဖက်စစ်တပ် သင်္ဘောများကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People's Defence Force - South Monywa ထံမှ သိရသည်။


စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်း မြစ် ကြောင်းအတိုင်း အကြမ်းဖက်စစ်တပ် ရိက္ခာ တင် သင်္ဘော ၁၂ စီး၊ စစ်သင်္ဘော ၄ စီး စုစုပေါင်း ၁၆ အနက်မှ စစ်သင်္ဘောတစ်စီးကို မုံရွာမြို့နယ် နှင့် ဆားလင်းကြီးကြား တစ်နေရာအရောက် ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ထွက်မိုင်း ၆ လုံး မှာ စစ်သင်္ဘောအား တည့်တည့်ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော People's Defence Force - South Monywa ၏ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ Royal Alliance-တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၅ A.S.F တပ်ခွဲ ၁ ၊ မုံရွာလက်နက်ကြီးတပ်ဖွဲ့၊ One Way Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ(ပျူ)စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း People's Defence Force - South Monywa ထံမှ သိရသည်။


ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စုဝေးရာ တောပု(ပျူ)ရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ ၆၀ မမ လက်နက်ကြီး ၄ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ နေထိုင်ရာ နေရာအုပ်စုအတွင်းသို့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက် သေ ဆုံး မှုရှိနိုင်ကြောင်း၊ အသေးစိတ်အခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People's Defence Force - South Monywa ၏ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ Royal Alliance-တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၈ တပ်ခွဲ East Monywa ၊ မုံရွာလက်နက်ကြီးတပ်ဖွဲ့၊ One Way Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းများ လှည့်လည်ခိုးယူနေသော အကြမ်းဖက် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း NDA MDY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။


စက်တင်ဘာလ ၁၇ ရက်နေ့က မြောင်မြို့နယ်အတွင်း လှည့်လည်ခိုးယူနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ညောင်တိုကျေးရွာမှ ပျူခေါင်းဆောင် အုပ်ကြီးအပါအဝင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို မန္တလးခရိုင် တပ်ရင်း ၆ - NDA MDY ၊ Blood Brothers ၊ Hero ၊ MGN 35 (မြင်း ခြံပြောက်ကျားတပ်ဖွဲ့) ၊ MMDF မဟာမိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...