Friday 20 October 2023

ချောင်းဦးမြို့နယ်၊ ကံဇီး ပျူရွာမှ စားနပ်ရိက္ခာရှာဖွေရန် နှင့် ရှေ့ကင်းထွက်လာသော စစ်ကောင်စီ ရဲတပ်သား (၂) ဦးအားပစ်ခတ်တိုက်ခိုက်


 ချောင်းဦးမြို့နယ်၊ ကံဇီး ပျူရွာမှ စားနပ်ရိက္ခာရှာဖွေရန် နှင့် ရှေ့ကင်းထွက်လာသော စစ်ကောင်စီ

ရဲတပ်သား (၂) ဦးအားပစ်ခတ်တိုက်ခိုက်


=============================


ထုတ်ပြန်ချက်အမှတ် ၆၈/၂၀၂၃

အောက်တိုဘာလ ၊ ၁၉ ရက်၊ ၂၀၂၃


(၁၉.၁၀.၂၀၂၃) ရက်နေ့ နံနက်(၇:၀၀) အချိန်တွင် ကံဇီးပျူရွာမှ ရိက္ခာရှာထွက်လာသော ရခနှစ်ဦးအားစောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၁)ဦးနေရာတွင် ပွဲချင်းပြီး(‌ေ*)ဆုံးပြီး ကျန်ရခ(၁)ဦးမှာ ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး အရှင်ဖမ်းဆီးရမိခဲ့သည်။ 


ဖမ်းဆီးရမိခဲ့သောရခ(၁)ဦးမှာလည်း ၎င်းဒဏ်ရာကြောင့် ေ*ဆုံးသွားခဲ့သည်။ 


ထိတွေ့မှုဖြစ်စဉ်တွင် ေ*ဆုံးခဲ့သော ရဲတပ်သားများမှာ ရဲတပ်ရင်း(၂၆)မှ ရဲတပ်သား -ထွန်းကျော်စွာ(ခ)ထွန်းထွန်းနှင့် ရဲတပ်သားအောင်ဆန်းမြင့်တို့ဖြစ်ကြောင်း သိရသည်။


၎င်းတို့ထံမှ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊7.62ကျည် (၁၅၀‌)၊ ကျည်ကာအင်္ကျီ (၁)ထည်၊လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။


၎င်းတိုက်ခိုက်မှုကို ဗျုဟာတပ်ရင်း(၄)ရင်း ဖြစ်သော 

မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F

မုံရွာခရိုင်တပ်ရင်း(၇)

မုံရွာခရိုင်တပ်ရင်း(၂၅)သံမဏိ Force MPDF

မုံရွာခရိုင်တပ်ရင်း(၂၈) တို့နှင့်အတူ We Must Win

မီးတောက်တပ်ခွဲ(၄)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။


ကျွန်တော်တို့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Force သည် အကြမ်းဖက်စစ်ကောင်စီရန်သူတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ် လိုအပ်နေသော လက်နက်ခဲယမ်းများကို မိဘပြည်သူများအနေဖြင့် ကူညီပါဝင်အားဖြည့်ပေးကြရန် နှင့် ရန်သူ့တပ်စခန်းများရှိရာ နေရာများကို အတက်နိုင်ဆုံး ရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

တပ်ရင်းရုံး

မုံရွာခရိုင် အမှတ် (၅) တပ်ရင်း

Aung San Force - A.S.F

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...