Thursday 5 October 2023

ကောလင်းမြို့ပေါ်တွင် လိုင်းကြေးယူပြီး ဖဲရိုက်နေသော မီးထားရဲများ တိုက်ခိုက်မှု တပ်ကြပ်ကြီး တစ်ဦးသေဆုံး သေနတ် တစ်လက်သိမ်းဆည်းရရှိ


 ကောလင်းမြို့ပေါ်တွင် လိုင်းကြေးယူပြီး ဖဲရိုက်နေသော မီးထားရဲများ တိုက်ခိုက်မှု တပ်ကြပ်ကြီး တစ်ဦးသေဆုံး သေနတ် တစ်လက်သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၄ 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် မူးယစ်ဆေးဝါးရောင်း ချသည့်နေအိမ်မှ လိုင်းကြေးယူပြီးဖဲရိုက် နေသော မီးရထားရဲများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ကြောင်း Kawlin Info မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကောလင်းမြို့၊ မီးရထားရထား ရပ်ကွက်၊ မီးရထားလိုင်းခန်းတွင် မူးယစ်ဆေးဝါးရောင်းချနေသည့် မီးငယ်လေး နေအိမ်မှ လိုင်းကြေးယူပြီးနောက် ဖဲထိုင်ရိုက်နေသော မီးရထားရဲများကို ကောလင်းအရှေ့ခြမ်း ပကဖ အဖွဲ့နှင့် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရထားရဲတပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“အပြန်အလှန်ပစ်ခတ်မှုကခဏပါပဲ၊ ရထားရဲ ၃ ရစ်နဲ့ တစ်ကောင်သေတာ၊ နာမည်ကကျော်အောင်တဲ့၊ ဒီနေ့သင်္ဂြိုလ်ပြီးတယ်၊ ကျန်တဲ့နှစ်ဦးက ဗိုက်ရှပ်ထိဒဏ်ရာရတာ၊ မသေဘူး၊ မီးရထားရဲတွေ၊ မူးယစ်ဆေး ရောင်းတဲ့အိမ်ကို လိုက်ကြေးကောက်ပြီး ဖဲထိုင်ရိုက်နေတာကို ဝင်ပစ်ကြတာ၊ လက်နက်ရတယ်လို့တော့ မကြားမိဘူး၊ လက်နက်ရတယ်ဆိုရင်လည်း သေတဲ့ ရခဟာဖြစ်နိုင်တယ်၊ ဖြစ်တာက မီးရထားလိုင်းခန်း အနောက်ဘက်မှာဖြစ်တာ၊” ဟု Kawlin Info မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။


အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရ၊ မပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်း၊ယနေ့ အောက် တိုဘာလ ၄ ရက်ညပိုင်းတွင် ကောလင်းမြို့မရဲစခန်းရှိအ ကြမ်းဖက်စစ်သားများ မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

Photo - သိမ်းဆည်းရရှိသော သေနတ်

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...