Wednesday 4 October 2023

KNU တပ်မဟာ ၅ နယ်မြေတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၃၉ ဦးသေဆုံး


 KNU တပ်မဟာ ၅ နယ်မြေတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၃၉ ဦးသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၃


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်သား ၃၉ ဦးသေဆုံးခဲ့ကြောင်း မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာက ထုတ်ပြန်ထားသည်။


စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အကြမ်းဖက် စစ်တပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲ ၈၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၉ ဦး သေဆုံးပြီး ဗိုလ်ကြီး အဆင့်ရှိသူ ၂ ဦး အပါအဝင် ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်အုပ်စု၏ အဆောက်အဦး ၁ လုံးကို ဖျက်ဆီး နိုင်ခဲ့ပြီး တစ်လအတွင်း နှစ်ဖက်အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် ၅ တပ်မဟာဘက်မှ ၅ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်တပ်က ၁၅ ရက်အတွင်း စစ်သုံး Jet-Fighter ဖြင့် ၁၀ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး အလေးချိန်ပေါင် ၅၀၀ ကျော်ရှိ ကလက်စ်တာဗုံး ၂၃ လုံးပစ်ခတ်ခဲ့သည့် အပြင် စက်လတ် သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်မှလည်း လက်နက်ကြီးကျည် ၂၀ လုံးလည်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများကလည်း ဖာပွန်မြို့ခံ တစ်ဦးအား ပစ်သတ်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 


အဆိုပါ အကြမ်းဖက် စစ်တပ်၏ Jet-Fighter လေယာဥ်များက မူတြော် ခရိုင်အတွင်း နေရာ ၆ ခုဖြစ်သော လူသောမြို့ နယ်အတွင်းရှိ ကော်ရိုဘောထာရွာ၊ သေသူးခီးရွာ၊ ဒေအိုးနိုဒေသ၊ တာခဲဒဲဒေသ၊ ဂယ်ယူဒဲ ဒေသနှင့် ဒွယ်လိုးမြို့နယ် ထီးကေသာရွာတို့ကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၅ နှစ်အောက်ရှိ ထီးကေထာ အလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသား ၃ ဦးနှင့်ကျောင်းကော်မတီဝင် တစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသူ ကျောင်းသား၊ ဆရာ၊ ဆရာမနှင့်ရွာသားများအပါအဝင် စုစုပေါင်း ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦး ၂ လုံး၊ စာသင်ဆောင် ၁ ဆောင်နှင့် လူနေအိမ် ၁၂ လုံးထိမှန်ပျက်စီးခဲ့ပြီး ဝက် ၃ ကောင် နှင့် ဆိတ် တ ကောင်လည်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...