Tuesday 3 October 2023

ယင်းမာပင်မြို့နယ်မှာ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ


 ယင်းမာပင်မြို့နယ်မှာ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

+++++++++++++++++

အောက်တိုဘာ ၃ 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲများကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။ 


အောက်တိုဘာလ ၃ ရက်နေ့ မနက် ၆ နာရီခန့် ယင်းမာပင်မြို့နယ်၊ သီတဂူကျောင်းတိုက်မှာ တပ်စွဲထားတဲ့ ရဲများဟာ ပြည်သူများဆီက ဆက်ကြေးကောက်ဖို့ ထွက်လာချိန် ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်ကြပ် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုကို ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုရဲ့ အထူးကွန်မန်ဒို ၇ ဦးက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၇ မိနစ်ခန့်သာရှိခဲ့သလို ရဲများဆီက G3 သေနတ် ၂ လက် ၊ UZi သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


လက်ရှိအချိန်မှာ စစ်ရေးအရှိန် မြှင့်ဖို့အတွက် ကြိုးစားနေတာကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူများအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...