Tuesday 3 October 2023

စစ်ကောင်စီကို လက်နက်ဝယ်ပေးနေတဲ့ ခရိုနီလက်သစ် ဉာဏ်လွင်အောင်ကို မြို့ပြပြောက်ကျား ရှင်းလင်း


 စစ်ကောင်စီကို လက်နက်ဝယ်ပေးနေတဲ့ ခရိုနီလက်သစ် ဉာဏ်လွင်အောင်ကို မြို့ပြပြောက်ကျား ရှင်းလင်း


မဲခေါင်၊ အောက်တိုဘာ ၂


စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနအတွက် လက်နက်အပါအဝင် ပစ္စည်းတွေဝယ်ယူပေးနေတဲ့ ခရိုနီလက်သစ်တစ်ဦးဖြစ်သူ ဉာဏ်လွင်အောင်ကို Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာလ ၂ရက် ည ၁၀နာရီခန့်မှာ ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


ဉာဏ်လွင်အောင်ကို လမ်းမတော်မြို့နယ်ထဲမှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး မစ်ရှင်ဖော်ဆောင်တဲ့ ရဲဘော်တွေလည်း ဘေးကင်းရာကို ပြန်ရောက်ပြီလို့ Urban Owls က ဆိုပါတယ်။


ဉာဏ်လွင်အောင်ကို စစ်တပ်အသိုင်းအဝိုင်းက ကိုဉာဏ်လို့ သိကြပြီး ကာကွယ်ရေးဝန်ကြီးဌာနအတွက် အမည်ခံကာ ပစ္စည်းတွေဝယ်ယူပေးနေသူဖြစ်သလို ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ် ဖိနှိပ်ဖို့ ရည်ရွယ်ဆောင်ရွက်နေတဲ့ မျက်နှာမှက်သားတဲ့ စနစ်ပါ CCTV များကို တင်သွင်းတပ်ဆင်ပေးနေသူဖြစ်တယ်လို့ Urban Owls အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


သူဟာ စစ်တပ်အာဏာသိမ်းတာကို အပြည့်အဝ ထောက်ခံရုံသာမက လူမှုကွန်ယက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆဲဆိုလေ့ရှိပြီး သူရဲ့ဝန်ထမ်းတွေကိုလည်း မနက်တိုင်း စစ်ကောင်စီရဲဲ့ သစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုခိုင်းသူဖြစ်တယ်လို့ သိရပါတယ်။ 


Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ထောက်လှမ်းရရှိထားတဲ့ အချက်အလက်တွေအရ သူဟာ မြန်မာနိုင်ငံအပြင် ထိုင်း ၊ တရုတ် ၊ ရုရှားနဲ့ UAE နိုင်ငံတွေမှာ North Gate Engineering and Technology အမည်နဲ့ လုပ်ငန်းခွဲတွေဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းစဥ်တွေချောမွေ့ဖို့ Well and Fair ပြည်ပခရီးသွားကုမ္ပဏီ တစ်ခုကိုလည်း ထူထောင်ထားတယ်လို့ Urban Owls အဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။


MK - 004

#MeKongNews 

#UrbanOwls

#ဉာဏ်လွင်အောင်

#စစ်ကောင်စီ

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...