Tuesday 17 October 2023

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်သော အမှတ် ၁ စစ်ဒေသ၌ စက်တင်ဘာလ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၁၇၅ ဦးသေဆုံး




 စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်သော အမှတ် ၁ စစ်ဒေသ၌ စက်တင်ဘာလ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၁၇၅ ဦးသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၁၇


စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်သော အမှတ် ၁ စစ်ဒေသ၌ စက်တင်ဘာလ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၁၇၅ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။


အမှတ် ၁ စစ်ဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၃၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၇၅ ဦး သေဆုံးကာ ၃၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲများအတွင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၄၂ ဦး ကျဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ လက်နက် မျိုးစုံ ၄၆ လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF ၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...