Tuesday 17 October 2023

ခင်ဦးမြို့ပေါ်တွင် စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ


 ခင်ဦးမြို့ပေါ်တွင် စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ


ရန်ကုန်၊ အောက်တိုဘာ ၁၇ 


စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများကို PDF က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး MA1 သေနတ် ၂ လက်ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က စစ်သားများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သေနတ် ၂ လက် သိမ်းဆည်းရရှိကြောင်း၊ ခင်ဦးမြို့ပေါ် မင်းသိုက်တိုက်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား ၃ ဦးသည် ခင်ဦး- ရေဦးကားလမ်းအတိုင်းထွက်လာရာ မြို့နယ် ပ.က.ဖ က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား နှစ်ဦးသည် နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသော အကြမ်းဖက်စစ်သား တစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


" မြို့နယ် ပကဖ အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ သေနတ် ၂လက်ရရှိခဲ့ပြီး စကစ ၃ဦး သေဆုံးခဲ့ပါတယ်"ဟု ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။


ထိုသို့ ခင်ဦးမြို့ပေါ်တွင် စစ်ဆင်ရေး ဆောင်ရွက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ် ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတချို့ သေဆုံးမှုရှိကြောင်း သိရှိရသည်။ 


"မြို့ပေါ်တပ်စွဲ နေရာနှစ်ခုကို ကြားဖြတ်တိုက်ခိုက်ရတာကြောင့် တိုက်ပွဲ ကြာချိန် အချိန်အနည်းငယ်သာ တိုက်ခိုက်ခဲ့ရပြီး အချိန်မီပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ စစ်တပ်က မင်းသိုက်တပ်စွဲနေရာနှင့်ဆေးရုံ တပ်စွဲ နေရာတို့ကနေ နှစ်ဘက်ညှပ်ပြီး ငါးကြင်းမှီး စက်လက်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူများလည်း ထိခိုက် သေဆုံးမှုတွေရှိတယ်။ စစ်ကောင်စီတပ်တွေက မြို့ပေါ် တပ်စွဲနေရာတွေကို ကားနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာမို့ လာသမျှကားတွေ စစ်ဆေးနေတယ်လို့ သိရပါတယ်"ဟု ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...