Tuesday 17 October 2023

ကိုးကန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိ


 ကိုးကန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိ


ရန်ကုန်၊ အောက်ဆိုဘာ ၁၇ 


ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိကြောင်း MNDAA ကိုးကန့် သတင်းဌာန The Kokang က သတင်းဖော်ပြသည်။ 


 အောက်တိုဘာ ၁၄ ရက်နေ့ ကိုးကန့် ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ စစ်သားထံမှ မူးယစ်ဆေးဝါး ဆေးပြားများ ပါဝင်သည့်အထုပ် ၊ ၆၀ မီလီမီတာ မော်တာ ၁ လုံးနှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ စစ်သား၏ ဝန်ခံချက်အရ အောက်တိုဘာ ၁၄ ရက်နေ့ တိုက်ပွဲမဖြစ်ပွားမီ စစ်ကောင်စီတပ်၏ တပ်ရင်းမှူးက မူးယစ်ဆေးဝါးများကို တစ်သုတ်စီ ခွဲယူသယ်ဆောင်ကြရန် ပြောဆိုခဲ့ကြောင်း၊ အဆိုပါစစ်သားမှာ မူးယစ်ဆေးဝါးများနှင့်အတူ ထွက်ပြေးခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့ ကိုးကန့်တပ်ဖွဲ့များက ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများသည် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်ရင်းမှူးထံမှ ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...