Wednesday 18 October 2023

ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ


 ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ အောက်တိုဘာ ၁၈


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA တပ်ရင်း ၁၂ က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ ထွက်ပြေးသူ အများအပြားရှိကြောင်း သိရသည်။


"ရွှေကူ ဒေသမှာရှိ စစ်ခွေးတွေရဲ့ ခမရ ၆၀၂ တပ်ရင်း နဲ့ ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA က သိမ်းထားတယ်။ လက်နက်အများ အပြားသိမ်းဆည်းရရှိတယ်။ စစ်ခွေးအသေများတယ်။ အရေအတွက် မသိရသေးဘူး။ တချို့ စစ်ခွေးတွေ ခွေး‌ပြေးဝက်ပြေးဘဝဖြစ်ကြတယ်" ဟု KIA သတင်းရင်းမြစ်များက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...