Thursday 19 October 2023

PDF စိုးမိုးနယ်မြေများ ကျယ်ပြန့်လာခြင်း


 PDF စိုးမိုးနယ်မြေများ ကျယ်ပြန့်လာခြင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ရေး အတွက် စစ်ဆင်ရေးကြီးတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိကာလမှာ ဆင်နွှဲနေတဲ့ အဓိကစစ်ဆင်ရေးတွေကတော့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးစစ်ဆင်ရေး နဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း စစ်မျက်နှာ စစ်ဆင်ရေးတွေပဲ ဖြစ်ပါတယ်။ 


ဒီ စစ်ဆင်ရေးတွေဟာ ရန်သူ့ စိုးမိုးနယ်မြေ ထိုးဖောက်ရေး စစ်ဆင်ရေးကြီးတွေ ဖြစ်တဲ့အတွက် မဟာဗျူဟာပိုင်းအရ အလွန်အရေးပါပါတယ်။ ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့ အရှေ့ခြမ်းဒေသ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ကို ဦးစားပေးလုပ်ဆောင်လျက်ရှိသလို၊ ပဲခူးတိုင်း အနောက်ပိုင်း နဲ့ မကွေးတိုင်း နယ်မြေတွေမှာလည်း စစ်ဆင်ရေးတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆင်နွှဲလျက်ရှိတဲ့ စစ်ဆင်ရေးနယ်မြေတွေရဲ့ အလယ်ဗဟိုမှာ အချက်အခြာကျ တည်ရှိနေတဲ့ ပဲခူးရိုးမ တည်ရှိနေပါတယ်။ စစ်တောင်းမြစ်ဝှမ်း နဲ့ ပဲခူးတိုင်း အနောက်ခြမ်း၊ မကွေးတိုင်း ဒေသတွေမှာ စစ်ရေးအောင်ပွဲတွေ ရရှိနေသလို စစ်မဟာဗျူဟာ အရ အရေးပါလှတဲ့ ပဲခူး ရိုးမပေါ်မှာလည်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်သားတွေဟာ စခန်းသိမ်းတိုက်ပွဲတွေ၊ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်တာတွေ ကို လုပ်ဆောင်နိုင်နေပါပြီ။ 


တော်လှန်ရေး အစောပိုင်းကာလတွေမှာ ခုခံတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် နဲ့ ကရင်နီ ပြည်နယ်တွေမှာ အဓိကအားဖြင့် ဖြစ်ပွားခဲ့ပေမယ့် လက်ရှိကာလမှာတော့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ရန်သူ့ စိုးမိုးနယ်မြေလို့ ပြောလို့ရတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော် နဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ဆင် တိုက်ခိုက်မှု ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ စစ်ဆင်တိုက်ခိုက်မှု နယ်မြေကို ရှေ့တလှမ်းတိုးချဲ့ထုတ်လိုက်တာ ဖြစ်ပြီး ရန်သူ့ စိုးမိုးနယ်မြေတွေ သေးကျုံ့သွားကာ ကိုယ့်စိုးမိုးနယ်မြေတွေ ကျယ်ပြန့်လာမှု ဖြစ်ပါတယ်။ ခုခံမှုအားကောင်းရာ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ ချင်း၊ ကရင် နဲ့ ကရင်နီ ပြည်နယ်တွေမှာ ဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့တွင်း ဝင်ရောက် တိုက်ခိုက်မှုတွေ၊ မြို့ကြီးတွေမှအပ ကျေးလတ် နယ်မြေ အများစု ကို တော်လှန်ရေး အင်အားစုတွေက ပိုမို ထိန်းချုပ်လာနိုင်တာကို တွေ့နေရပါတယ်။


ကာကွယ်ရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်မဟာဗျူဟာအတိုင်း ကွက်ပြည့်ခင်းပြီး တနိုင်ငံလုံး အနှံ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ စစ်ဆင်တိုက်ခိုက်မှုတွေကို ၂၀၂၃ ခုနစ်တွင်း ပိုမို လုပ်ဆောင်လာနိုင် နေရပါတယ်။ နိုင်ငံရဲ့ တိုင်း နဲ့ ပြည်နယ် အသီးသီး၊ ခရိုင် နဲ့ မြို့နယ် အသီးသီး မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရာနှုန်းပြည့် ကွက်ပြည့်ခင်း တိုက်နိုင်လာပြီဆိုရင် စစ်တပ် အနေနဲ့ တပ်အင်အား မလုံလောက်မှု ကို ပိုမို ကြုံတွေ့လာရမှာ ဖြစ်ပြီး စစ်တပ် ပြိုလဲရေးဟာ ဝေးကွာတော့မှာ မဟုတ်ပါဘူး။ ခုခံတော်လှန်စစ် အရှိန်မြှင့်လာတာနဲ့အတူ ပြည်သူ့ ကာကွယ်ရေး တပ်မတော်ရဲ့ စိုးမိုးနယ်မြေတွေ ပိုမို ကျယ်ပြန့်လာတာကို တွေ့နေရပါတယ်။


Disclaimer- PDF Insight မှ သုံးသပ်ချက်ကို ပြန်လည်ဖော်ပြပါသည်။


It’s not an option.It is "Duty”

Report your duty ! 


လာပါ... ငါတို့ အတူတူရုန်းမယ်။ 


အောက်တိုဘာလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။


ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် - 

🇫 fb.me/prf4pdf

💬 m.me/prf4pdf


Telegram မှ ဆက်သွယ်ရန် - t.me/prf4pdf


အရေးတော်ပုံ အောင်ရမည်။ 


#prf4pdf


#လာပါငါတို့အတူတူရုန်းမယ်


#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF


#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF


#ထောက်ပို့လစဥ်အောင်ပွဲဝင်


#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု


#PeoplesRevolutionSupplyFamily


#ထောက်ပို့PRF

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...